နားခိုရာတည်းခိုခန်းသို့ပြန်ရောက်ပြီးနောက်တွင် ပထမထပ်ရှိ လူများ၏ မူမမှန်မှုကို ချင်ကျင်းသတိပြုလိုက်မိသည်။လူတိုင်းမှာ ချင်ကျင်းအားမြင်သောအခါ တိတ်ဆိတ်သွားကြသည်။
အခြေအနေမှာအလွန်ကိုးယို့ကားယားနိုင်နေလျက်ရှိသည်။ ထို့နောက် ချင်ကျင်းမှစ၍ သူတို့အားနှုတ်ဆက်လိုက်သည်။ထိုအခါ လူများစွာကသူ့အား မယုံကြည်နိုင်သော မျက်လုံးများဖြင့်ကြည့်လိုက်ကြသည်။ သို့သော် သူတို့ တစ်မျိုးတစ်မည် အနည်းငယ်တော့ နေရ ထိုင်ရ သက်သာသွားကြသည်။
"ဘာတွေဖြစ်နေတာလဲ"
ချင်ကျင်းတွေးလိုက်မိ၏။ ရုတ်တရက် လူအုပ်ကြားထဲမှ ဆိုင်ရှင် တိုးထွက်လာပြီး ချင်ကျင်း၏ လက်ကိုဆွဲကိုင်ကာ စိတ်လှုပ်တရှားအော်လိုက်သည်:
"တတိယမင်းသား... နောက်ဆုံးတော့ပြန်လာပြီပဲ၊ ကျုပ်တတိယမင်းသားအတွက် စားပွဲတစ်ခုပြင်ဆင်ထားပေးတယ်"
သူထိုသို့ပြောပြီးနောက်မှ သူ့နောက်တွင်ရှိသော ကျင့်ကြံသူများမှာ ရုတ်ခြည်း အုံအုံကြက်ကြက်ဖြစ်လာကြတော့သည်။
"သူက တကယ်ကြီး တတိယမင်းသားလား"
"ဟုတ်တယ်၊ သူဘဲ၊ ကျင်းသခင်လေးအဖြစ်သူရှိနေသေးတယ်။"
"အိုး... ကျင်းသခင်လေးက ပဉ္စမ မင်းသားကို လျစ်လျူရှုရဲတာ မအံ့ဩတော့ပါဘူးလေ"
"ကောင်းလိုက်တဲ့ အရည်အချင်း"
"တတိယမင်းသားက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ်လို့ပြောကြတယ်... ဘယ်လောက်တောင် ပါရမီ ရှိလိုက်လဲ"
ထိုသို့သောကျင့်ကြံသူများ၏ လေးစားအားကျခြင်း စိတ်လှုပ်ရှားခြင်းတို့ကိုကြည့်ပြီး သူ့တွင် ကိုယ်ပိုင်ပရိသတ် များစွာကို ရလိုက်ပြီဟု ချင်ကျင်း တွေးလိုက်မိသည်။
မနူးမနပ်လေးလို ပြုမူလို့မဖြစ်ဘူး..
ကောင်းပြီ.. ငါက မင်းသားပဲ.. ဒီလိုနေတာ သိပ်ပြီး သင့်လျော်မှာမဟုတ်ဘူး။
ထို့နောက်သူ့လက်ကိုဝှေ့ယမ်းကာ ပြုံးရင်း ပြောလိုက်သည်:
"ခင်ဗျားတို့ ကျုပ်ကို ပေးမ၀င်တော့ဘူးလား"
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...