အပိုင်း (၇၄)

300 25 0
                                    

"လာကြစမ်း၊ ကျိုးသခင်လေးကို လာခေါ်ပေးကြစမ်း"

လူအိုကြီးကျောင်းက အလျှင်အမြန်အော်လိုက်သည်။ထိုအခါ ထမ်းစင်ဖြင့် လူလေးယောက်အလျှင်အမြန်ရောက်လာပြီး ကျိုးချန်းကျီကို သယ်သွားကြသည်။ချင်ကျင်းမှာတော့ ငွေနဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံကို အားယူကာ မတ်တပ်ရပ်ထားရသည်။ သူဒဏ်ရာမရသွားသော်လည်း လက်ပမ်းကျနေလျက်ရှိသည်။ ဤမှော်မန္တန်များမှာ အဆင့်မြင့်ပြီး အစွမ်းထက်၏။ မပျက်စီးသေးသ၍တော့ ပြန်ကောင်းလာနိုင်သည်။

ထို့နောက် ချင်ကျင်းအားဖေးမရန် ချန်ချင်းချင်း အလျှင်အမြန်ပြေးထွက်သွားသည်။ ၎င်းအားမြင်သော် ဝိဥာဥ်အထူးပြုဂိုဏ်းသားများသက်ပြင်းချလိုက်ကြပြီး ကျိုးချန်းကျီအား စိုးရိမ်နေကြသည်။

ချင်ကျင်း၏ တိုက်ခိုက်မှုပုံစံမှာကြမ်းတမ်းသော်လည်း ကျိုးချန်းကျီအား အနိုင်ယူဖို့ဆိုပါက သူသည်လည်း ခွန်အားအပြည့်ကိုသုံးရမည်သာဖြစ်သည်။ ထို့ကြောင့် ဝိဥာဥ်အထူးပြုဂိုဏ်းသားများမှာ ချင်ကျင်းအား မမုန်းတီးဘဲ ပို၍ပင် လေးစားသွားကြသည်။

ဤသို့ ကျိုးချန်းကျီ အနိုင်ယူခံလိုက်ရ‌ပြီးသောအခါ မည်သူမှ ချင်ကျင်းအား စိန်မခေါ်ရဲကြတော့ပေ။ အကယ်၍သူသည် သာမန်ကျင့်ကြံသူဖြစ်နေမည်ဆိုပါကလည်း သူက ယွဲ့ဘုရင်ဖြစ်နေသေးသည်။ထို့ကြောင့် သူ့အား ယခုလိုအခြေအနေတွင်တိုက်ခိုက်ခြင်းသည် တော်၀င်မိသားစုကို ဒေါသထွက်စေမည်ဖြစ်သည်။

ယခု ကျိုးချန်းကျီအား အနိုင်ယူပြီး ချင်ကျင်း သက်သေပြခဲ့လေပြီ။

"ဒီနေ့ပြီးသွားရင် ယွဲ့ဘုရင်ရဲ့ နာမည်ဂုဏ်သတင်းက ကောင်းကင်ထိတိုင်အောင် ကျော်ကြားသွားလိမ့်မယ်"

"ဟုတ်တယ်... အနာဂါတ်မှာ ကျိုးချန်းကျီက နံပါတ် ၁ ပါရမီရှင်ဖြစ်နိုင်တော့မှာ မဟုတ်ဘူး"

"ငါယွဲ့ဘုရင်ရဲ့ တိုက်ခိုက်ပုံကိုကြိုက်တယ်... သူက အရမ်းကြမ်းတမ်းလွန်းတယ်"

"ယွဲ့ဘုရင် ဘာမှော်မန္တာန်ကို သုံးလိုက်သလဲဆိုတာကိုပဲ ငါပိုစိတ်၀င်စားတယ်"

ဂန္တဝင်စနစ်Where stories live. Discover now