အပိုင်း (၁၀၂)

215 15 0
                                    

ချင်ကျင်းတစ်ယောက် သူ့အတွက်အတွေ့အကြုံအမှတ်ရရန်အခွင့်အလမ်းများ သူ၏တံခါးရှေ့သို့ ကိုယ်တိုင်လာရောက်သည်ကိုကြည့်လိုက်သည်။

ချင်ကျင်းသက်ပြင်းချလိုက်၏။ သူမည်သည်မျှပင်မလုပ်ရဘဲနှင့် နတ်ဆိုးတစ်ကောင်အားမသိ၊နားမလည်သော လူပြက်များက အမြဲရောက်လာတတ်သည်။ သူသည် နှိမ့်ချပြီးနေတတ်သူသာဖြစ်သည်။ အဘယ်ကြောင့်များ သူ၏နာမည်မှာ မည်သည့်နေရာသို့သွားသွား အစဉ်အမြဲထင်ပေါ်ကျော်ကြားနေရပါသနည်း..။

"ဘာလဲ... မင်းကြောက်နေတာလား"

မိုးပြာ၀တ်စုံနှင့်လူငယ်က ပြုံး၍ ပြောလိုက်သည်။ ချင်ကျင်းမှာ အလွန်ငယ်ရွယ်နေသောကြောင့် စုန့်ယွဲ့ဖုန်းအား အနိုင်ယူခဲ့သည့် ယွဲ့ဘုရင်နှင့် မည်သို့မျှတွဲမရဖြစ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူတို့၏ ယုံကြည်ချက်များ ၂ ဆ ပွားသွားရလေ၏။

ထို့နောက် ချင်ကျင်းတစ်ခွန်းမှ ပြန်၍မပြောရသေးခင်တွင် သူ၏နောက်၌ရပ်နေသော ရှောင်းလီက မကျေမနပ်ဖြစ်သွားပြီး ထိုလူငယ်ကို လက်ညိုးထိုးကာ အော်လိုက်သည်:

"ငါ့ အစ်ကိုကြီးချင်ကျင်းက နင့်ကိုဘာလို့ကြောက်ရမှာလဲ... အစ်ကိုကြီးကိုမပြောနဲ့ဦး... နင့်ကိုငါတောင် လက်ညိုးတစ်ချောင်းထဲနဲ့ သတ်ပစ်လိုက်နိုင်တယ်"

ရုတ်တရက် ငယ်ရွယ်သောကျင့်ကြံသူများ ရှောင်းလီ၏ တုနှိုင်းမဲ့သော အလှအပအောက်တွင် နစ်မျောကုန်ကြသည်။ ထို့နောက် သူတို့ တဂျီကိုကြည့်လိုက်မိကြသည်။ထိုအခါ တဂျီ၏ အလှမှာ ရှောင်းလီထက် မနိမ့်ကျရုံသာမက ပို၍ပင် ချစ်မက်ဖွယ်ကောင်းနေသည်ကိုတွေ့လိုက်ရသည်။ သူမ၏ ပုံစံလေးမှာ ယောက်ျားသားများအား ဝိညာဉ်ပျောက်သွားစေရန် လုံလောက်ပါလေသည်။

ဤသို့ ရှောင်းလီ၏ ကဲ့ရဲ့ခြင်းကိုခံရသော မိုးပြာ၀တ်လူငယ် ဒေါသထွက်သွားသည်။ သို့သော် ရှောင်းလီနှင့်တော့ ပြိုင်၍မပြောနေတော့ပေ။ မိန်းကလေးနှင့် စကားလုပြောခဲ့၍ သူအနိုင်သွားသည်ဆိုလျှင်တောင်မှ သူသည်သာ မျက်နှာပျက်ရမည်ဖြစ်သည်။ မိန်းကလေးများနှင့် ယှဉ်၍ နိုင်လျှင်တောင် အဘယ်မှာ ဂုဏ်ယူစရာရှိပါမည်နည်း။

ဂန္တဝင်စနစ်Onde histórias criam vida. Descubra agora