အပိုင်း (၄၈)

329 26 0
                                    


"ဝိုး... ဒီမှော်မန္တာန်က သောက်ရမ်းမိုက်တယ်"

ပိုင်ယွဲ့ဖုန်း၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော ‌အဖြူရောင်နဂါးကြီးအား ကြည့်ပြီး ချင်ကျင်းတိုးတိုးလေးပြောလိုက်လေသည်။ ထိုအခါ သူ့ဘေးနားတွင်ရှိသော တဂျီက:

"ဒီမှော်မန္တာန်က အစွမ်းထက်တာတော့ မှန်ပါတယ်... ဒါပေမယ့် စုန့်လျန်ရဲ့ မှော်မန္တာန်လောက်တော့ မကောင်းသေးဘူး"

စုန့်လျန်၏ ညာလက်ရှိ မိုးပြာရောင်ဧရာမလက်သီးကြီးသည် ပိုင်ယွဲ့ဖုန်း၏ အဖြူရောင်နဂါးနှင့်အရွယ်အစားသာမက ပုံသဏ္ဍာန်ပါ ယှဉ်၍မရပေ။

ထို့နောက်ပိုင်ယွဲ့ဖုန်းက အသံနိမ့်နိမ့်ဖြင့် အော်လိုက်သည်။ ထိုအခါသူ၏ခြေထောက်အောက်ရှိ အဖြူရောင်ကျောက်စိမ်း ကျောက်များ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲသွားကြပြီး၊တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်သည် လေးကြိုးမှ ပစ်ခတ်လိုက်သည့် မြှားတစ်စင်းအလား တဟုန်ထိုး အရှေ့သို့ ပြေးထွက်သွားလိုက်သည်။ အဖြူရောင်နဂါးမှာ သူ၏လှံရှည်၌ ရစ်ပတ်သွားပြီး လေထုကို စုတ်ဖြဲသွားသော အသံဗလံများထွက်ပေါ်လာလေသည်။

ဤသို့သော ပိုင်ယွဲ့ဖုန်း၏ ရပ်တန့်၍ မရသည့် တိုက်ခိုက်မှုအောက်တွင် စုန့်လျန်ကလည်းသူ၏ ညာလက်အား လျှပ်တစ်ပြက်လှုပ်ရှားလိုက်သည်။ ထိုအခါမိုးပြာ‌ရောင်ဧရာမလက်သီးကြီးသည် လှံရှည်အား တိုက်ရိုက်ထိမှန်သွားပြီး စိတ်ဝိညာဉ်စွမ်းအင် နဂါးဖြူကို တမဟုတ်ခြင်း ပျောက်ကွယ်သွားစေလေသည်။

ထိုနည်းတူပိုင်ယွဲ့ဖုန်းမှာလည်း မိုးကြိုးအထိမှန်လိုက်ရသည့်အလား ဖီးနစ်ငှက်စင်မြင့်ပေါ်မှ လွင့်ထွက်သွားရသည်။

ဤသို့သောပိုင်ယွဲ့ဖုန်း၏ ရှုံးနိမ့်မှုမှာ ဖီးနစ်ငှက်စင်မြင့်ပတ်ပတ်လည်ရှိ ကျင့်ကြံသူများနှင့် သာမန်လူများကို ခဏတာတိတ်ဆိတ်ငြိမ်သက်သွားစေသည်။ သာမန်လူများပင် ပိုင်ယွဲ့ဖုန်း ဖိနှိပ်ခံနေလိုက်ရသည်ကို မျက်စိဖြင့် အတိုင်းသားမြင်လိုက်ကြရသည်။

စင်မြင့်ပေါ်ရှိ အရာရှိများ၏ မျက်နှာများ အရုပ်ဆိုးသွားကြသည်။

ဂန္တဝင်စနစ်Onde histórias criam vida. Descubra agora