အပိုင်း (၇၀)

351 29 1
                                    


"ဟေး... သူမ မျက်မှောင်ကြုတ်သွားတယ်... အဲ့ဒီအဓိပ္ပာယ်က သူ့ရင်ထဲမှာ ငါရှိနေတာပေါ့လေ"

တဂျီ၏ အမူအရာကိုသတိထားမိသွားသောအခါ ချင်ကျင်း တစ်ယောက်အတွေးပေါင်းစုံလျှောက်တွေးလေတော့သည်။ သို့သော်ငြား တဂျီအား သူချက်ချင်းရှင်းမပြလိုက်ပေ။ထို့နောက် အနားမှ ကျင့်ကြံသူတစ်‌ ယောက်က ပြုံး၍ ပြောလိုက်ကြသည်:

"ညအချိန်က လင့်နေပြီ ပွဲကိုစကြရအောင်"

ထိုအခါ ကျင့်ကြံသူများလည်း မည်သည့်ထင်မြင်ချက်မှမပေးဘဲ ထိုင်စရာ နေရာထိုင်ခုံ အသီးသီးတွင် ၀င်ရောက်ထိုင်လိုက်ကြသည်။ ထိုအချိန်တွင် လူအိုကြီးကျောင်းမှာ ကပွဲ၊ ဆိုပွဲများ ပြသဖို့ရန် အဆင်သင့်ဖြစ်ပြီ ဖြစ်ကြောင်း ပြောကြားလိုက်သည်။

စားသောက်ပွဲအစောပိုင်း၌ လူတိုင်းတစ်ဦးကိုတစ်ဦးစကားပြောနေလျက်ရှိကြသည်။ ငယ်ရွယ်သောကျင့်ကြံသူများ ဤသို့တစ်နေရာထဲတွင် စုရုံးနေကြရန်မှာ ခက်ခဲလှသည်။ ထို့ကြောင့် အသိပညာ ဗဟုတုသများကို အချင်းချင်း ဝေမျှနေကြသည်။

ထိုနေရာတွင် မည်သည့်အကျိုးကျေးဇူးမှသိပ်မရှိသော်လည်း အနာဂါတ်တွင်မူ နံပါတ်၁  ပါရမီရှင်များနှင့်သေရည်‌အတူတူ သောက်ခဲ့သည်ဟု ကြွားလုံးထုတ်နိုင်မည်ဖြစ်သည်။ ‌ဤအရာမှာ မိမိကိုယ်ကိုပေါ်ထင်လာအောင် သရုပ်ဆောင်ခြင်း၏ အပိုင်းအစ ငယ်တစ်ခုပင်ဖြစ်သည်...

အိမ်ရှင်တစ်ယောက်အနေနှင့် သာမန်အားဖြင့် ချင်ကျင်း ကျင့်ကြံသူများ၏ ဖိတ်ကြားမှုကို အများဆုံးရရှိသည်။ သူ့ဆီကိုလာသောသူများမှာ ‌အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် ကျင့်ကြံသူများသာဖြစ်ကြသည်။ ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများ မှာ သူနှင့်စကားလာပြောရန် အရည်အချင်းမပြည့်မှီပေ။

ထို့နောက် ချင်ကျင်း အရှေ့သို့ကြည့်ရင်း မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ ယခင်ကချီသန့်စင်ခြင်းအစောင့်သည် သူ မယှဉ်နိုင်ခဲ့သောပြိုင်ဘက်ဖြစ်ခဲ့ပြီး ယခု၌ ရွှေ‌ဗဟိုနယ်ပယ်ဖြစ်ကာ သူ့အားလှုပ်ရှားစေရန်ပင်မတတ်နိုင်တော့ပေ။

ဂန္တဝင်စနစ်Where stories live. Discover now