အပိုင်း (၆၇)

317 30 0
                                    

ခင်ဗျားကြီးတော်ကြီးကို မှတ်မိရမှာလား...

ခင်ဗျားပြသွားတာက အရမ်းမြန်လွန်းလို့ ကျုပ်မျက်လုံးတွေတောင် နာနေပြီ..

ချင်ကျင်းမှာ ရှက်ရွံ့သွားသောကြောင့် ဟန်ဆောင်လိုက်ကာ:

"မမှတ်မိလိုက်ဘူး... ဒုတိယသခင်က သိပ်ကိုရဲရင့်လွန်းတယ်... လက်နက်ရဲ့ အလျင်က အရမ်းမြန်လွန်းလို့ မှုန်ဝါးဝါးဘဲမြင်လိုက်ရပြီး ကျုပ်..."

"ရပါပြီ"

ကွမ်ယု ခေါင်းကိုက်သွားလေသည်။ အကယ်၍ ချင်ကျင်းသာသူ့အား မမှတ်မိဘူးဟု ‌ပြောပါက သူစိတ်ဆိုးမိမည်ဖြစ်သည်။ သို့သော်ယခု ချင်ကျင်းမှာ သူ့အား အမွှမ်းတင်လိုက်သောကြောင့် သူ မပြုံးဘဲမနေနိုင်တော့ပေ။ ကွမ်ယု မနေနိုင်တော့ဘဲပြောလိုက်ရသည်:

"ဒါဆိုရင် ကျုပ်နည်းနည်းနှေးပေးမယ်"

စကားပြောရင်းပင် နဂါးစိတ်ဝိညာဉ်ပြစ်ဒဏ်ခတ်ခြင်းလှံကိုထပ်ယူကာ ‌လွှဲရမ်းပြပြီး ရှင်းပြလိုက်သည်:

"ဒီလှံနည်းစနစ်က အမည်မရှိဘူး... ဒါပေမယ့် ရန်သူရဲ့ အားနည်းချက်ကို ရှာပြီး တစ်ချက်တည်းနဲ့အနိုင်ယူတဲ့အကွက်... တကယ်လို့ အရှင့်သားတတ်မြောက်သွားရင် အရှင့်သားရဲ့ ခွန်အားက မိုးထိုးသွားလိမ့်မယ်"

ချင်ကျင်းပြုံးလိုက်သည်။ သို့သော် အကြောင်းအရာသေးသေးလေးတစ်ခုကိုတောင် လွတ်သွားမည်စိုးသည့်အလား ကွမ်ယု၏ လှုပ်ရှားမှုများကို ဂရုတစိုက်ကြည့်နေလိုက်သည်။

ထိုအခါ ယန်မော့ပိုင်က ယန်စန်းကိုကြည့်ပြီးမေးလိုက်သည်:

"မင်းကော မှတ်မိလိုက်လား"

"မှတ်မိလိုက်တယ်... ဒါပေမယ့် ကျွန်တော်မှ လှံနည်းစနစ်ကိုမကြိုက်တာ"

ယန်စန်း ကအမှန်ကို ခွန်းတုန့်ပြန်လိုက်သည်။ ထိုနှစ်ယောက်မှာ အသံကို မနှိမ့်ထားသောကြောင့် လူတိုင်းကြားလိုက်ရပြီး ချင်ကျင်း၏ နှုတ်ခမ်းများပင်လှုပ်သွားရသည်။ တဂျီမှာတော့ ပြုံးလိုက်၏။

ငါသည်းခံရမယ်..

ချင်ကျင်း တွေးလိုက်သည်။ သူ့တွင် ကမ္ဘာမြေမှ ကိစ္စများရှိနေသောကြောင့် သူ့အတွေးများမှာရှုပ်ထွေးနေပြီး ယန်စန်းလို ကြည်လင်မနေခဲ့ပေ။ ထို့ပြင် ယန်စန်းမှာ ဒဏ္ဍာရီလာ ပြိုင်ဘက်ကင်းပါရမီရှင်ပင်ဖြစ်နေသေးသည်။

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora