အပိုင်း(၁၂)

452 42 1
                                    

"အားး၊ တောင်းပန်ပါတယ်။ ကျွန်မ မရည်ရွယ် ပါဘူးနော်..."

သေးငယ်တဲ့ ပုံရိပ်ကလေးက ချင်ကျင်း လက်တွေကြားကနေထွက်လိုက်ကာ တောင်းပန်တိုးလျှိုးတော့သည်။ ချင်ကျင်း သူမကိုကြည့်လိုက်သောအခါ ညစ်ပတ်နုံချာနေတဲ့ ကလေးမလေးတစ်ယောက်သာဖြစ်ပြီး၊ သူမက မီးခိုးရောင်အင်္ကျီတစ်ထည်ကို၀တ်ဆင်ထားကာ ၁၄နှစ် ၁၅နှစ်လောက်ရှိပြီဖြစ်သည်။ သူ့ရဲ့တစ်ကိုယ်လုံးက ကြောက်ရွံ့နေတဲ့ ယုန်‌တစ်ကောင်လို တုန်ခါနေခဲ့သည်။

"ရပါတယ်" ချင်ကျင်း သူမကို စူးစိုက်ကြည့်လိုက်ပြီးနောက် တဂျီ၊ အခြားသူတွေနဲ့ အတူမြို့ထဲကို၀င်သွားတော့သည်။

"မြို့ပြင်ထွက်ရင်၊ လူတစ်ယောက် ကြေးငါးပြားပေးရမယ်"

စစ်သားက မိန်းမငယ်လေးကို တားပြီးပြောလိုက်သည်။ ဒီကြေငြာချက်ကြောင့်၊ အဖြူရောင်၀တ် မိန်းမငယ်လေး မျက်လုံးများပြူးကျယ်သွားပြီး၊ အော်လိုက်သည်။

"ဘယ်တုန်းက မြို့ပြင်ထွက်ဖို့ ကြေးငါးပြားပေးရတာလဲ၊ ငါလဲမသိပါလား"

"မင်းသိသိ မသိသိ ပိုက်ဆံမရှိရင် မြို့ပြင်ထွက်လို့ရမှာမဟုတ်ဘူး၊ သွား...သွား ဒီကနေထွက်သွား"
ဟု စစ်သားက အော်လိုက်တာကြောင့် အဖြူ၀တ်မိန်းကလေးလန့်သွားပြီး သွားကြိတ်လိုက်သည်။
မြို့ထဲကိုပြန်၀င်လာခဲ့ပြီးတော့၊ မိန်းမငယ်လေးက အလွန်ဒေါသထွက်လွန်းနေပြီး၊ သူမရဲ့သွားတွေကို ကြိတ်ထားတုန်းပဲဖြစ်သည်။

"သေစမ်း! ငါ့မှာပိုက်ဆံမရှိဘူး.. မြို့ထဲကနေဘယ်လိုထွက်ရပါ့..."

အခြားတစ်ဖက်တွင်ဝောာ့၊ ချင်ကျင်းနဲ့ အခြားသူတွေဟာ တည်ခိုခန်းတစ်ခုထဲကို ၀င်သွားကြပြီး၊ သူတို့ ဒီနေ့တစ်ရက် မိုးပြာယစ်ပုလ္လင်မြို့တော်ထဲမှာ နားခိုဖို့စီစဉ်ထားကြသည်။ ချင်ကျင်း မနေနိုင်ပဲ သက်ပြင်းချလိုက်တော့သည်။ သူမိုးပြာမြို့တော်လမ်း‌တစ်လျှောက်ကိုကြည့်လိုက်ပြီးနောက် အရင် ရှေးတရုတ်ခေတ်နဲ့ တူနေတာကိုသိလိုက်သည်။ မြို့သူမြို့သားတွေတောင်မှ တရုတ်ရှေးခေတ်ရိုးရာ အ၀တ်အစားတွေကို၀တ်ဆင်ထားကြသည်။

ဂန္တဝင်စနစ်Dove le storie prendono vita. Scoprilo ora