အသွင် ၃၆မျိုးပြောင်းလဲခြင်းသည် ကောင်းကင် ဘုံ နတ်ဝိညာဉ်အရေအတွက်အတိုင်းဖြစ်သည်။
အသွင်၇၂ မျိုးပြောင်းလဲခြင်းသည် မြေကမ္ဘာ မိစ္ဆာ ဝိညာဉ်အရေအတွက် အတိုင်းပြောင်းလဲခြင်း ဖြစ်ပေသည်။
ကောင်းကင်ဘုံ ဝိညာဉ် အသွင် ၃၆ မျိုးပြောင်းလဲခြင်းမှာ အသွင်ပြောင်းခြင်း နည်းစနစ်တစ်ခုဖြစ်သည်သာမက နတ်စွမ်းရည် ၃၆မျိုး ပါရှိသော နည်းစနစ်တစ်ခုဖြစ်သည်။
သူတို့မှာ တရားထိုင်ခြင်း၊ ယင်-ယန် ပြောင်းပြန်လှန်ခြင်း၊ ကြယ်တာရာများရွေ့ပြောင်းခြင်း၊ကောင်းကင်နှင့် နေမင်းကို ရွေ့လျားယခြင်း၊ လေနှင့်မိုးကို ဆင့်ခေါ်ခြင်း၊ တောင်ကိုလှုပ်ကာ မြေကိုတုန်စေခြင်း၊ မြူခိုးတိမ်တိုက်၊ ဆင်းသက်ခြင်း၊ မြစ်ကိုကုန်းမြေအဖြစ် ပိုင်းခြားခြင်း၊ရွှေရောင် လျှပ်စီး မြေကမ္ဘာသို့ဆင်းသက်ခြင်း၊ မြစ်ကို ပင်လယ်အဖြစ်ပြောင်းစေခြင်း၊ ကမ္ဘာကို သံဖြစ်စေခြင်း၊ ဒြပ်စင်ငါးမျိုးလွတ်မြောက်ခြင်း၊ ဒဏ်ခတ်ခြင်း အံ့ဖွယ် မုခ်၀များ၊ အနာဂါတ်အသိပညာအား ဖီဆန်ခြင်း၊ တောင်ကိုဖြတ်ကာ ကျောက်တုံးကို ခွဲခြင်း၊ သေလူကို နိုးထစေခြင်း၊ ဆွဲငင်ပျံသန်းခြင်း၊ မြေကမ္ဘာဆွဲအားကိုးခု၊ ယင်နဲ့ယန်ကို ဆွဲဆောင်ခြင်း၊ နတ်နဂါးနှင့် ကျားတို့ကို့သိမ်းသွင်းနိုင်ခြင်း၊ ကောင်းကင်နဲ့ နေလုံးများကိုအသစ်ဖန်တီးခြင်း၊ တောင်ကိုဖိကာ ပင်လယ်ကို ဆွဲငင်ခြင်း၊ လက်ညှိုးညွှန်ရာ ရွှေဖြစ်စေခြင်း၊ စည်းတားခြင်း၊ သန္ဓေသားလောင်း ပြောင်းလဲခြင်းစေခြင်း၊ စိတ်စေရာ အရွယ်အစားပြောင်းလဲခြင်း၊ ပန်းများဖူးပွင့်ခြင်း၊ စိတ်ဝိညာဉ်ဖြင့် ချီကိုထိန်းချုပ်ခြင်း၊ ထိုးထွင်းသိမြင်ခြင်း၊ လေကိုဖော်ထုတ်ကာ မီးမွှေးခြင်း၊ မိုးကြိုးငါးစင်းကိုဆုပ်ကိုင်ခြင်း၊ ပုန်းကွယ်နေသော မိစ္ဆာမှ ကမ္ဘာမြေကိုလှုပ်ခတ်စေခြင်း၊ ပျံသန်းသော ဖုန်နှင့် ကျောက်တုံးများ၊ တောင်နှင့် ပင်လယ်ကိုလွှဲပြောင်းနိုင်ခြင်း၊ ပဲစေ့မှ စစ်သားသို့ပြောင်းခြင်း။ (နာမည်များကို အမှန်မယူပါနဲ့ ဘာသာပြန်တတ်သလို ပြန်ထားခြင်းသာဖြစ်ပါတယ်)
BINABASA MO ANG
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...