အပိုင်း(၂၉)

412 30 0
                                    

အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနယ်ပယ် ၊ ဆဌမအလွှာ ....

သူ၏ကိုယ်ထဲတွင် စွမ်းအားများ စီးဆင်းနေသည်ကို ခံစားနေရခြင်းကြောင့် ၊ ချင်ကျင်းတစ်‌ယောက် အသားကုန်အော်ဟစ်ပစ်လိုက်ချင်သည်။ သို့သော်လည်း အတွေ့အကြုံမရှိသေးသောလူသစ်လေးတစ်ယောက်ကဲ့သို့ မပြုမူအပ်သောကြောင့် ထိုဝေဒနာကိုအတင်းတောင့်ခံနေရသည်။

"သူအဆင့်တက်သွားပြီဟ"

မဟာအကြီးအကဲ ရှုဟိုင် အော်လိုက်သောစကားကလူအများ၏အာရုံ‌ကိုဖမ်းစားသွားခဲ့သည်။

ဤသို့သော အဆင့်ချိုးဖျက်တက်ရောက်မှုမျိုးမှာ၊ဒဏ္ဍာရီများထဲတွင်သာ ရှိသည်ဟုသိထားကြခြင်းကြောင့်ဖြစ်သည်။

ထို့ထက် ပို၍ အရေးကြီးသောအချက်မှာ ဝိညာဉ်အထူးပြုဂိုဏ်း၏ နံပါတ် (၁) ပါရမီရှင် ၊ကျိုးချန်းကျီ မှာရှုံးနိမ့်သွားခဲ့ပြီဆိုသည့်အချက်ပင်။

ကျိုးချန်းကျီအား ကောင်းကင်လနိုင်ငံ၏ နံပါတ် (၁) ပါရမီရှင်ဟုပြောခြင်းမှာလည်း ချဲ့ကားပြောဆိုနေခြင်းမဟုတ်ပေ။ လက်ရှိ မျိုးဆက်များကြားတွင်ဒဏ္ဍာရီတစ်ခုလိုတည်ရှိနေသော နံပါတ် (၁) ပါရမီရှင်မှာ ၊ယခုတွင်မူ လျှို့ဝှက်‌ဆန်းကြယ်သော လူငယ်လေးတစ်ယောက်ထံတွင် ရှုံးနိမ့်သွားခဲ့လေပြီ။

"ချန်းကျီ..." ကျောင်းလင်သည် သိုင်းစင်မြင့်ပေါ်ရှိ ကျိုးချန်းကျီကို ကြည့်ရင်း ရေရွတ်နေမိသည်။ သူမ မနေနိုင်တော့ဘဲ ကောက်ကျစ် သောမြေခွေးတစ်ကောင်၏ လှည့်ကွက်တွေကြောင့် အသက်ဆုံးသွားရသည့် ယုန်ငယ်လေးတစ်ကောင်အလား ခံစားနေရသည်။

တချိန်တည်းတွင် ချင်ကျင်းက သူ၏ဘေးပတ်ပတ်လည်ကို လှည့်ပတ်အကဲခတ်ကြည့်လိုက်ပြီး ပြောသည်။

"ဝိညာဉ်အထူးပြုဂိုဏ်းက ပါရမီရှင်တွေက တကယ်တော်တာပဲ‌"

ဖူး-

သူ၏ဟန်ဆောင်ချီးမွမ်းမှုတစ်ချက်တွင်ဂိုဏ်းသားများ၏မာနစိတ်များကားချေမွခံလိုက်ရလေပြီ။ ချီးမွမ်းမြောက်စားမှုဆိုသည်မှာ အလွန်ပြင်းထန်သည့်အဆိပ်တစ်ခုအလား ၊ကြောက်စရာကောင်းလှပေသည်မဟုတ်ပါလော။

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora