အပိုင်း(၁၀)

468 43 0
                                    


"ဟင်... နင်က ဂျူနီယာ ချင်းချင်းမဟုတ်လား၊ ဒီကိုဘယ်လိုရောက်နေတာလဲ"

အမျိုးသမီးကျင့်ကြံသူ တစ်ယောက်က ရုတ်တရက် ရပ်ကာ မေးလိုက်သည်။ သူမက ကြည့်ပျော် ရှုပျော်ရှိပြီး၊ ဝိညာဉ်အထူးပြု ဂိုဏ်းရဲ့ အဝါရောင်အ၀တ်အစားတွေကို၀တ်ဆင်ထားခဲ့သည်။ သူ့မရဲ့ ကျင့်ကြံမှု အ‌​ဆင့်က ချီသန့်စင်ခြင်းနယ်ပယ် အတ္ထမအလွှာမှာရှိနေပြီး ချန်ချင်းချင်းထက်ပင် တစ်လွှာမြင့်သည်။

ချန်‌ချင်းချင်းလည်း ထိုအမျိုးသမီးကိုကြည့်ပြီး၊ သူမရဲ့မျကိလုံးတွေ တောက်ပသွားတော့သည်။

"စီနီယာ အမလီပါလား၊ ‌‌ဒီမှာတွေ့မယ်လို့တောင်မထင်ထားဘူး"

"သားရဲအုပ်ကြီးက ဒီအရှေ့ဘက်မှာလည်း ရှိတယ်ဟ"

"ဘုရားရေ၊ ငါတို့တော့ အဝိုင်းခံလိုက်ရပြီ"

ကျင့်ကြံသူတွေ ချင်ကျင်းကို ဖြတ်ကျော်ပြေးသွားပြီးနောက်မှာ ရပ်တန့်သွားကြတယ်။ အရှေ့ဘက် မိုးကုတ်စက်ဝိုင်းရဲ့အောက်တွင် သားရဲအုပ်ကြီး တစ်စုကို သူတို့မြင်လိုက်ရသည်။ သူတို့အခုမှ သစ်တောဘက်ကို ပြေးရင်လည်း အရမ်းနောက်ကျသွားပြီး၊ သားရဲအုပ်ကြီးနင်းချေတာ မခံရဘဲနဲ့တော့ သစ်တောရှိရာ ဘက်ကိုရောက်မှာမဟုတ်တော့ပေ။

အဲ့ဒီအချိန်မှာ၊ ကျင့်ကြံသူတွေအားလုံး စိတ်ဓာတ်‌ကျနေကြသည်။ စီနီယာအမလီလို့ သိထားတဲ့ အမျိူးသမီးကျင့်ကြံသူက ချန်ချင်းချင်းစီကို လာပြီး သက်ပြင်းချကာ

"ဂျူနီယာ ညီမလေး၊ ငါတို့မလွတ် မြောက်နိုင်တော့ဘူး၊ ဒါနဲ့၊ နင်ဘာလို့ဂိုဏ်းထဲမှာ မနေဘဲ အပြင်ထွက်လာခဲ့ရတာလဲ"

ဒီအချိန်တွင် သူတို့အားလုံးက ချင်ကျင်းကို ဒေါသထွက်သွားစေပြီး၊ စိတ်မရှည်စွာနဲ့ အော်ပြောလိုက်သည်။

"မင်းတို့ အားလုံးပါးစပ်တွေကို ပိတ်ထားကြစမ်း၊ ငါတို့ဒီမှာ သေဦးမှာမဟုတ်ဘူး"

သူ့ဘေးနားက ‌မဟာကောင်းကင်ဘုံခွေးက‌လည်း၊ သူ့ခေါင်းကို မော့လိုက်ပြီး၊ သူ့မျက်လုံးထဲမှာ အထင်မြင်သေးမှုတွေနဲ့ ပြည့်နေသည်။ ကျင့်ကြံသူတွေ အစောင့်ဝတ်စုံကို ၀တ်ဆင်ထားတဲ့ ချင်ကျင်းကိုကြည့်လိုက်ကြသည်။ ချင်ကျင်းက အသက်ငယ်ရွယ်တဲ့ ပုံရသော်လည်း အခြေခံ အုတ်မြစ်နယ်ပယ် ကိုရောက်ပြီးဖြစ်‌တာကြောင့်၊ ကျင့်ကြံသူတစ်ယောက် ချင်းစီတိုင်းရဲ့ ရင်ကို တုန်လှုပ်သွားစေသည်။

ဂန္တဝင်စနစ်Donde viven las historias. Descúbrelo ahora