Hello...

62 2 0
                                    


ကိုယ် ပြောစရာလေးရှိလို့ပါနော်…

Fic နဲ့ပက်သတ်ပြီးတော့ပါဗျ။

ဒီ fic က ရှင်းကိုယ်တိုင် စိတ်ကူးနဲ့ဖန်တီးပြီး ရေးသားထားတဲ့ fic ပါနော်။ tran  ထားတဲ့ ဟာမဟုတ်ပါဘူးဗျ။

ရှင်း ဒီ fic ကိုရေးတုန်းက ပြောခဲ့ဖူးပါတယ်။ ကိုယ်ပိုင်အတွေးစိတ်ကူးနဲ့ပုံဖော်ထားတာဖြစ်ပြီး ဘာသာပြန် ဇာတ်လမ်းမဟုတ်ကြောင်းကိုပေါ့ဗျာ…။

အခု အဲ့ဟာလေးနဲ့ပက်သတ်ပြီးပြောချင်တယ်ဗျ။ မကြာခဏဆိုသလိုပေါ့နော်။ ဒီ fic လေးကို tran list တွေထဲကို ထည့်ကြတာကို တွေ့ရတယ်ဗျ…။ အစကတော့ ဒီတိုင်းပဲထားချင်ခဲ့တာပါ။ ဒါပေမယ့်လည်း အခုတော့ သေချာရှင်းပြမှ ဖြစ်မယ်ထင်မိလို့ပါ။ ရှင်း ဒီရဲ့ fic ကို ဦးစွာ စာအုပ်ထဲမှာ နှစ်ပိုင်း၊သုံးပိုင်းလောက်ထိရေးဖူးခဲ့တာပါ။ နောက်မှ wattpad ထဲမှာ ရေးကြည့်ဖို့ တွေးခဲ့မိပြီး ရေးခဲ့တာပါဗျ။

Fic ကို စစချင်းဖတ်ရုံနဲ့တင် သိသာပါတယ်။ tran ထားတာ ဟုတ် မဟုတ်ကိုပေါ့။ reading list ထဲ ထည့်ပေးကြတာကို ကျေးဇူးတင်ပါတယ်ဗျ။ ဒါပေမယ့်လည်း tran list ထဲကို ထည့်တာက ကျတော့ နည်းနည်း ကိုယ့်ကို အနေခက်စေတယ်ရယ်။ ကိုယ့်အတွေးစိတ်ကူးနဲ့ ကိုယ်တိုင်ရေးထားပြီးမှ tran အဖြစ် သတ်မှတ်ခံရတာက နည်းနည်း။ ဘယ်လိုပြောရပါ့။

ထားပါ…။

ရှင်းရဲ့ ယခု fic ဟာ tran ထားတာ လုံးဝ(လုံးဝ) မဟုတ်ရပါဘူးဗျ။ ကိုယ်ပိုင် အတွေးစိတ်ကူးနဲ့ ပုံဖော်ပြီး ဖန်တီးရေးသားထားတာပါဗျ။

ဒါကြောင့် tran list ထဲကို မထည့်ကြပါနဲ့နော်။ တောင်းဆိုတာပါဗျ။

ဒီလောက်သိသာနေတဲ့ fic အရေးအသားကြီးကို tran list ထဲ ထည့်နေကြတော့ ငိုချင်တာပေါ့ဗျာ။

ဒီလောက် ညံ့တဲ့ အရေးအသားကြီးကိုဗျာ… ဘယ်လို စိတ်ကူးနဲ့များ tran list ထဲကို ထည့်ကြရတာလဲလို့…🥲။ ဒီလောက် မသေမသပ်နဲ့ စုတ်ချာနေတဲ့ အရေးအသားကြီးက tran  ထားတာနဲ့ဘယ်နားမှာများ တူနေလို့လဲဗျာ… စိတ်ဆင်းတွေလည်း ညိုပါရဲ့ဗျာ…🥲

တကယ်ကို ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူးဗျာ…

Chinese translation list ထဲ ထည့်တဲ့သူတွေတောင်ပါသေးတယ်။ တကယ်ပါပဲဗျာ  tran မဟုတ်ဘူးနော်… tran မဟုတ်ဘူး…။ဒါကြောင့် tran list ထဲ ထည့်ပေးတာကို လျှော့ပေးကြပါဦးလို့။ မဟုတ်ဘူး tran list ထဲကို မထည့်ပါနဲ့လို့…။

🎉 You've finished reading ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } 🎉
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား  { Completed  }Where stories live. Discover now