🌿လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး
အပိုင်း(၇)
"မောနင်း"
" ဟိုမှာ မင်းအတွက် အမူးပြေဟင်းရည်ချက်ထားပေးတယ် "
"ငါ မသောက်ချင်ဘူး "
"ယွမ်ယွမ် ? "
လာပြီ မျက်လုံးပြူးပြူးရုပ်ဆိုးဆိုးနဲ့ ငါးပူတင်ငါးကြီးကျလို့ ရှေ့ဆက်ပြီးပွားလာမဲ့စကားတွေကိုနားထောင်ရတော့မှာကိုကြိုမြင်နေတာမို့ လက်တခါခါ ခေါင်းတခါခါလုပ်လိုက်ရင်း
"ကောင်းပြီ...ကောင်းပြီ အဘွားကြီးလိုပဲ ပွစိပွစိနဲ့နားညီးလိုက်တာ သောက်ရင်ပြီးရောမဟုတ်လား "
"ဟမ့် စေတနာကို အသိအမှတ်မပြုဘူး "
နှာခေါင်းရှုံ့ကာ မျက်စောင်းထိုးလာတဲ့ ဝူလင်းယန်က သူမအတွက်တော့ မောင်နှမတွေထက်တောင်ပိုကောင်းပိုချစ်ဖို့ကောင်းတဲ့လူငယ်လေးရယ်ပါ
အဲ့ဒါကိုတော့ သူမ ဝန်မခံချင်လဲ ဝန်ခံရမှာပါပဲ
ဒါပေမဲ့လဲ နှုတ်ထိုးလှန်တာက အကျင့်ဖြစ်နေပြီဆိုတော့ ကက်ကက်လန်အောင်တော့ပြန်ပြောလိုက်သေးတယ်
"နေပေါ့ နင့်စေတနာကို ဘယ်သူကလိုနေလို့လဲ"
"ဒါဆိုလဲ ညကဘာလို့ကိုယ့်ကိုဖုန်းခေါ်လာတာလဲ "
"ဒါကတော့ အကျင့်ဖြစ်နေလို့ပေါ့ "
".........."
သူက ထုံးစံအတိုင်း ပါးစပ်ဟလို့
နောက်တော့မှ သူမကိုနှုတ်လှန်ထိုးလာတာက
"အကျင့်ဖြစ်ပေးလို့ကျေးဇူးတင်ပါတယ်မမလေးရယ် " တဲ့
"ဟမ့် နင့်ရဲ့ပွကြီးလုပ်တတ်ပုံနဲ့ နင့်ငိုဘယ်သူကယူရဲမလဲဆိုတာ ငါကြည့်နေဦးမယ်သိလား ငါ့ရဲ့အနာဂတ်ယောင်းမလေးကို နင့်ရဲ့အတင်းတွေတုတ်ဖို့ ငါတကယ်မစောင့်နိုင်တော့ ဟဲ့ ဟဲ့ ဘာလုပ်တာလဲ ငါ့မနက်စာပြန်ပေးစမ်း "
သူမ စကားပြောနေရင်း အဲ့ကောင်က သူမ မနက်စာပြန်သိမ်းဖို့လုပ်နေတာနဲ့ပဲ သူမမှာ မနဲရုန်းကန်ပြီးတော့ ပြန်လုလိုက်ရတယ်
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...