Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(41)
သူမ အားနည်းချည့်နဲ့နေတဲ့ကိုယ်ကိုအားတင်းမတ်တပ်ရပ်လိုက်ကာသူ့ရှေ့ကလှည့်ထွက်လာပေမဲ့
"ရပ်လိုက်"
"ဘာလဲ"
"ဝူလင်းယန်နဲ့မင်းရဲ့ဆက်ဆံရေးကဘာလဲ"
"..........."
မုယွမ်ယွမ်ရဲ့စိတ်အခြေအနေဟာ အင်မတန် ဆိုးရွားနေတာကြောင့် သူမနာကျင်သလို သူ့ကိုလဲနာကျင်စေချင်တယ်
အဲ့လိုတွန်းအားတွေကြောင့်ပဲ မုယွမ်ယွမ်တစ်ယောက် အရွဲ့တိုက်မိတော့တာပဲ
"ငါတို့ပြန်အဆင်ပြေတော့မှာ ဒါပေမဲ့ နင်ရောက်လာတော့ ဒီလိုဖြစ်သွားတယ် ငါ့ကိုလွတ်ပေးရင်လဲ သူ့ဆီပြန်သွားမှာ နင် ..."
"ခွမ်းးးးးးးး"
"အားးးးးး "
သူမမှာပြောလို့မပြီးသေး သူက ဗီဒိုကိုလက်သီးနဲ့ထိုးချလိုက်တာကြောင့် သူမလန့်ဖြန့်သွားခဲ့တယ်
ကြောင်တောင်တောင်နဲ့သူ့ကိုကြည့်လိုက်တော့ သွေးတစက်စက်ကျနေတဲ့လက်ကလက်သီးကိုကျစ်ကျစ်ဆုပ်ကိုင်ထားကာ သူမကိုသွေးလိုနိရဲတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတာကိုတွေ့လိုက်ရတယ်
သူမချစ်ခဲ့ဖူးတဲ့ရိုးသားကြိုးစားမာနကြီးတဲ့ကောင်လေးက အခုတော့ ဒီလိုအရမ်းကြောက်ဖို့ကောင်းတဲ့အကြည့်နဲ့နတ်ဆိုးလိုထိတ်လန့်စေတယ်
သူလုံးဝပြောင်းလဲသွားတာပဲ သူမအဲ့လိုတွေးမိလိုက်ပေမဲ့ ဘာကြောင့်ဖြစ်သွားစေသလဲဆိုတဲ့အကြောင်းအရင်းကိုတော့မကြားချင်ခဲ့ဘူး
ဒါပေမဲ့ သူတကယ်ကြောက်ဖို့ကောင်းလာတာကိုတော့ သူမ လက်ခံလိုက်ရတယ် အခုလဲ သွေးထွက်နေတာကိုဘယ်လိုမှမနေပဲ သူမနားကပ်လာကာ သူမလည်ပင်းကိုညစ်လာခဲ့တယ်လေ
သူ့ရဲ့အံကြိတ်သံကိုကြားနေရပြီးတော့ သူမကိုသတ်တော့မလိုသွေးနီရောင်တောက်ပနေတဲ့အဲ့မျက်ဝန်းတွေကိုပဲ သူမတကယ်ပဲမုန်းလိုက်တာ
"မုယွမ်ယွမ် မင်းက ငါ့အပိုင်ပဲ ငါ့ကိုစွန့်ပစ်ဖို့လုံးဝမတွေးနဲ့ မင်းငါ့ကိုစွန့်သွားတဲ့နေ့ အဲ့ကောင်သေတဲ့နေ့ပဲ"

KAMU SEDANG MEMBACA
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasiသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...