Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(38)
"ဆေး .........သောက်တာ ဘာလို့လဲ?"
"..........."
"ဘာဆေးလဲ "
"တားဆေး"
"..........."
သူမ ဟိုလူတွေရှေ့မှာသောက်လိုက်မိတာပဲ
သေစမ်း အခုတော့ ဖြေရှင်းချက်ပေးရတော့မယ်
သူမရဲ့နမော်နမဲ့နိုင်မူ့ကိုပဲ အပြစ်တင်ရတော့မှာပဲ
သူမမေးကိုပင့်မော့လိုက်ကာ
"စာချုပ်ထဲမှာ အဲ့ဒါမပါဘူးလေ "
အဲ့စကားကြောင့် သူက သူမကိုဖော်ပြလို့မရနိုင်တဲ့မျက်ဝန်းမျိုးနဲ့တခနတာစိုက်ကြည့်လာပြီးမှ တလုံးချင်းပြောလာလေတယ်
"ဟုတ်...တာ...ပေါ့ ဟုတ်တာပေါ့"
အဲ့စကားသံက မှန်တယ်လို့ပြောချင်တာလို့ဆိုလိုနေတယ်ဆိုပေမဲ့လဲ ဘာကြောင့်မှန်းမသိ အငြိုးအတေးတချို့ပါနေပုံရလေတယ်
သူက လက်ပိုက်ပြီးမှီရပ်နေရာမှ သူမနားကပ်လာတော့ သူမလဲ နောက်ကိုဆုတ်ရင်း
"နင်! နင်! နင် .....ဘာလိုချင်တာလဲ"
မှန်ကိုနောက်ကျောပေးမိတဲ့သူမကို သူက ခါးကဖက်ပြီးဆွဲလှည့်လိုက်ကာ မှန်ထဲကိုကြည့်စေတယ်
"စောင့်ကြည့်လိုက်လေ ကျွန်တော်ဘာလုပ်ချင်လဲဆိုတာသိမှာပေါ့"
သူကထူးဆန်းတဲ့အပြုံးတခုနဲ့ သူမရဲ့ပခုံးနားကဆံနွယ်တွေသပ်တင်လိုက်ကာ သူမရဲ့လည်ပင်းကိုကိုက်ခဲလာလေတယ်
"အားးးးးးးးး "
ခိုင်မာတဲ့လက်တဖက်ကခါးကိုတင်းကျပ်စွာဖက်ထားပြီး သန်မာတဲ့ကျန်လက်တဖက်ကတော့ သူမရဲ့ခေါင်းအနောက်ကိုထိန်းထားကာ ပြေးပေါက်အားလုံးကိုပိတ်ထားလေတယ်
သူမရဲ့နာနာကျင်ကျင်ညီးညူသံနဲ့အတူ စစ်ခနဲဖြစ်သွားတာကြောင့်လည်ပင်းပေါက်သွားပြီဆိုတာကိုသိလိုက်ရလေတယ်
မှန်ထဲမှာပြန်မြင်နေရတဲ့ သူမရဲ့ရုပ်သွင်ဟာ နာကျင်မူ့ကြောင့်မျက်ရည်ဝဲနေပေမဲ့ စူးရှတဲ့သူ့ရဲ့မျက်ဝန်းတွေကတော့ တစက်တောင်မလှုတ်ခတ်ပဲ မှန်ထဲကသူမကိုသာစိုက်ကြည့်နေလေတယ်
VOUS LISEZ
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...