39.zgi

218 3 0
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(39)

တနေ့မှာတော့ သူမရဲ့နှလုံးသားကိုအစိတ်စိတ်အမွှာမွှာကွဲကြေစေမဲ့မုန်တိုင်းတခုနဲ့ကြုံရလိမ့်ဦးမယ်လို့လုံးဝမတွေးခဲ့မိဘူး

မထင်မှတ်စွာနဲ့ သူမ ဘာမှမပြင်ဆင်ရသေးတဲ့အခိုက်အတန့် အလစ်အငိုက်မှာ သူမဆ်ီကိုဝုန်းဒိုင်းကြဲပြီးရောက်လာခဲ့လေရဲ့

အဲ့နေ့က သူမအလုပ်လုပ်ရင်း ကော်ဖီကုန်သွားလို့ လာဆင်းဖြည့်တာ

မီးဖိုခန်းထဲဝင်ပြီး ကော်ဖီဖြည့်နေတုန်းမှာပဲ သူနဲ့တခြားတစ်ယောက်ရဲ့အသံကိုကြားလိုက်ရလေတယ်

"မင်းဒီမှာဘယ်လောက်ကြာကြာနေဦးမှာလဲ မင်းရဲ့ဇနီးက မင်းကိုမျှော်နေတာကြာလှပြီ မင်းမှမလာဘူးဆိုရင်လဲသူကလိုက်လာတော့မလို့တဲ့"

သူတို့ဆက်ပြောနေကြပေမဲ့ သူမစိတ်ထဲမှာ ဇနီးဆိုတာနဲ့ပဲပြည့်နေခဲ့တယ်

ဇနီး? သူ့ဇနီး?

သူမတောင့်ခဲနေပြီး တုန်ယင်နေလို့ လက်ထဲကကော်ဖီအပူဟာသူမလက်ပေါ်ကျသွားတာတောင်မသိခဲ့ဘူး

ဘာလို့မှန်းမသိ မုယွမ်ယွမ်ဟာ သူမရေခဲတောင်တတောင်ရဲ့အနားရောက်သွားသလိုမျိုး

ပွက်ပွက်ဆူနေတဲ့မီးတောင်ချော်ရည်ကန်ထဲနှစ်မြုတ်နေရာမှ ဆယ်ယူခံရကာ အလွန်တရာမှအေးစက်တဲ့ရေခဲပင်လယ်ထဲရုတ်ချည်းရောက်သွားသလို ခံစားလိုက်ရတယ်

သူမ တမင်ရည်ရွယ်ပြီးကြားခဲ့တာမဟုတ်ပေမဲ့ သူမ တမင်ရည်ရွယ်ပြီးရပ်နေနားထောင်နေခဲ့တာမဟုတ်ပေမဲ့ သူမကြားခဲ့နားထောင်မိခဲ့ပြီ

မုယွမ်ယွမ် စိတ်ကူးထားတဲ့အရာအားလုံးကရိုက်ချိုးခံလိုက်ရသလိုပဲ

ဒါပေမဲ့ ဘာလို့လဲ အစထဲကသူမကစာချုပ်နဲ့ပတ်သတ်တဲ့သူသက်သက်ပဲကို ဝမ်းနည်းမနေနဲ့ မျက်ရည်မကျနဲ့ မျက်နှာပေါ်ကခံစားချက်တွေကိုပယ်ထား ခိုးလုခိုးလုဖြစ်နေတဲ့ရင်ထဲကအလုံးကိုဖိအားပေးပြီးမျိုချလိုက်

မုယွမ်ယွမ် ကိုယ့်ဘာသာကိုယ်ကျိန်ဆဲပြင်ဆင်လိုက်ပြီး အရှေ့ထွက်မလို့ ခြေအလှမ်း ချွဲနွဲ့တဲ့အသံကိုထပ်ကြားလိုက်ရလေတော့တယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now