လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(12)
"ကျေးဇူးပဲ "
"ဒီမှာပဲစောင့်နေမယ်နော်"
"အင်း ကျေးဇူးပဲ ယွမ်ယွမ်"
သူမ ပြေးသွားတဲ့သူ့ရဲ့ကျယ်ပြန့်တဲ့ကျောပြင်ကိုကြည့်လိုက်တယ်
"ယွမ်ယွမ်?"
သူမနဲ့ရင်းနှီးတဲ့သူတိုင်းက ဒီလိုခေါ်တာပဲ ဒါပေမဲ့ သူခေါ်လိုက်မှ သူမဘာကြောင့်အရှက်သဲသွားမိမှန်းမသိဘူး
ခနအတွင်းမှာပဲ ပျောက်သွားတဲ့သူကိုကြည့်ရင်း သူမလဲ နန်ဟန်ရေကန်နားလျှောက်သွားလိုက်တော့တယ်
သူ့ကိုစောင့်ရင်း ရောက်တုန်းရောက်ခိုက်သဘာဝအလှတွေကိုနဲနဲခံစားရင်းပေါ့
သူမ ဆက်လျှောက်သွားနေရင်း ဆူဆူညံညံအသံကြားလို့ ကြည့်မိလိုက်တော့
သူပဲ အမျိုးသမီးတစ်ယောက်က သူ့ကိုဆွဲလားရမ်းလားလုပ်ကာဆူဆဲနေပြီး သူကတော့ ဘာမှမပြောပဲ ဒီအတိုင်းငြိမ်ခံနေလေတယ်
ဘာဖြစ်မှန်းမသိလို့ သူမ ကူညီမယ်စိတ်ကူးနဲ့ေခြအလှမ်း
သူ့ရဲ့ဝမ်းနည်းနေတဲ့စကားသံကိုကြားလိုက်ရလို့ သူမ ရပ်တန့်သွားခဲ့တယ်
သူမက အပေါ်လမ်းမှာ သူကတော့ အောက်လမ်းမှာ ဒါကြောင့်ပဲ သူ့ရဲ့ဝမ်းနည်းနေတဲ့ဟန်ကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်
"အမေ ကျွန်တော် ကောင်းမင်ထျန်းပါ ကျွန်တော့်ကိုကြည့်ပါဦး "
သူအသံကရှင်းရှင်းလင်းလင်းကိုဝမ်းနည်းနေတာ
မျက်နှာကလဲပြိုတော့မဲ့မိုးလိုပဲ
"မင်းက ဘယ်သူလဲ ကောင်းမင်ထျန်းဟုတ်လား အဲ့နာမည်ကိုလဲ တခါမှမကြားဖူးဘူး မင်းလာလိမ်ဖို့ကြိုးစားနေတာလား သွားစမ်း ငါ့မှာပိုက်ဆံမရှိဘူး "
ပြင်းထန်စွာရုန်းကန်နေတဲ့အမျိုးသမီးရဲ့လက်ကို တင်းကျပ်စွာကိုင်ထားတဲ့ကောင်းမင်ထျန်းက
"အမေ ကျေးဇူးပြုပြီးတော့ သေချာကြည့်ပါဦး အမေ့သားကောင်းမင်ထျန်း ကျွန်တော် မသေသေးဘူးလို့ ဒီမှာမတ်တပ်ရပ်နေတယ်လို့ ကျန်းကျန်းမာမာနဲ့လေ သေချာကြည့်ပါဦး "
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...