အပိုင်း(4) uni&zgi

1K 50 0
                                    

🌿လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(၄)

‌ပဲမဲခေါက်ဆွဲစားလိုက်ရလို့လျှာကျေနပ်သွားတဲ့ မုယွမ်ယွမ်က အစားအသောက်ပျက်နေလို့လားမသိ သူမက လျှာကဝေတပါးလိုတောင်ဖြစ်နေပြီ ပါးစပ်ထဲထည့်လိုက်တာနဲ့ ပါဝင်ပစ္စည်းတွေကိုပြောပြနိုင်ပြီးတော့ အပူချိန်နဲ့စိုထိုင်းစ ဘယ်လောက် အခြေအနေမှာ ဘာတွေကိုထည့်ထားလဲဆိုတာတောင်ပြောနိုင်နေပြီ

သူမရဲ့လျှာကိုအလောတကြီးသပ်လိုက်ကာ မီနူးထဲက ခရုစွပ်ပြုတ်နဲ့ အပ်မှိုချဉ်စပ် အသားဟင်းတမျိုးကိုထပ်မှာလိုက်ကာ လက်တွေအချင်းချင်းပွတ်နေပြီး အရသာခံဖို့မစောင့်နိုင်တော့ဘူးဖြစ်နေလေတယ်

သူမရဲ့မျက်ဝန်းတောက်တောက်တွေက အခုဆို စိန်ပွင့်တွေအလားဖြစ်နေပြီ ဒါက တခြားကြောင့်မဟုတ်ပဲ အစားအသောက်ကြောင့်တဲ့

ကူကယ်ရာမဲ့စွာ မျက်ခုံးကိုလက်နဲ့ကုတ်လိုက်မိတဲ့ကောင်းမင်ထျန်းက ဒီမိန်းကလေးဟာ တနေ့မှာတော့ သူ့အပေါ်ကိုဒီလိုအကြည့်နဲ့ကြည့်လာပါစေလို့ အချိန်တိုင်းဆုတောင်းနေမိတာ ဘာကြောင့်မှန်းကိုမသိတော့ဘူး

သက်ပြင်းလဲခိုးချလိုက်မိတယ်

ဒီကောင်မလေးရဲ့စရိုက်က ရိုးဖြောင့်ပြီးတော့ ပွင့်လင်းတယ်

သူခင်တဲ့လူတွေရှေ့မှာဆိုအပေါလေးဖြစ်ပြီးတော့ ရှေ့မကြည့်နောက်မကြည့်နဲ့ တကယ်အလိုက်မသိဘူး

ဒါပေမဲ့လဲ သူမကသာ သူ့ရဲ့အချစ်ဦးနဲ့နောက်ဆုံး အချစ်ဖြစ်နေတုန်းပဲ

သူမကို အရိပ်တကြည့်ကြည့်နဲ့ဖြစ်နေတာက အရမ်းသိသာစေပြီး အားလုံးကလဲသိနေတာတောင်မှ သူမက တစက်ကလေးတောင် သတိမပြုမိခဲ့ဘူးတဲ့

အခုလဲ သူမရဲ့အာရုံက အစားအသောက်ပေါ်မှာပဲ လုံးလုံးကျောက်ချထားလေတယ်

"ခရုစွတ်ပြုတ် အပ်မှိုချဉ်စပ် နဲ့ ဆိတ်သားဟင်း ရပါပြီ "

စားပွဲထိုးလေးလာချတာနဲ့ သူမရဲ့မျက်ဝန်းတောက်တောက်တွေက အရမ်းကိုအသက်ဝင်လာပြီး တူကိုင်ကာ စတင်ကာမြည်းစမ်းကြည့်တော့တယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Tempat cerita menjadi hidup. Temukan sekarang