Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(37)
"ကျေးဇူးပဲ "
"ကျေးဇူးမတင်နဲ့ ကိုယ်မင်းရဲ့ပါးစပ်ပျက်တတ်တဲ့ရောဂါကိုမေ့သွားပြီ စောစောနိုးလို့ အကျင့်အရထချက်မိသွားရုံပဲ"
မုယွမ်ယွမ်မှာ အနဲငယ်ပြုံးမိလေတယ်
ဘယ်လိုငြင်းချက်များလဲ မရေရာလိုက်တာ
သူမလဲ သူရှက်နေတာကို မသိယောင်ဆောင်ပေးလိုက်ရင်း
ဟုတ်ပါပြီလို့သာပြောလိုက်ရတော့တယ်စားပြီးတော့ သူမ အပြင်ထွက်လာတယ် သူကလဲ မတားပဲ သူ့အလုပ်ရှိရာကိုသူသွားတယ် မုယွမ်ယွမ်နည်းနည်းတော့အံ့ဩသွားပေမဲ့ စိတ်လဲသက်သာရာရသွားတယ်
အပြင်ထွက်လာတော့ သူမပါးစပ်ထဲကော်ဖီသောက်ချင်တဲ့အရသာအချဉ်ဓာတ်ကိုရလိုက်လေတယ်
သေစမ်း ပါးစပ်ကိုအလိုလိုက်မိတဲ့အကျိုးကျေးဇူးတွေပဲ
မုယွမ်ယွမ် သူမသောက်နေကျ ကော်ဖီဆိုင်ကိုဝင်လိုက်တယ် အဲ့နောက်မှာတော့ လမ်းပေါ်ရှုပ်ယှက်ခတ်အောင်သွားလာနေကြတဲ့လူတွေကိုကြည့်နေဆဲမှာ ဝူလင်းယန်ဆီကဖုန်းလာတာကြောင့် ကိုင်လိုက်ရတယ်
တဖက်လူက အနဲငယ်စိတ်ပူပန်နေပုံနဲ့
"ယွမ်ယွမ် "
"အင်း"
"မနေ့ကအိမ်ပြောင်းသွားတယ်ဆို"
"အင်း"
"ဘာဖြစ်လို့လဲ "
"သူပြန်လာပြီ"
"........."
ဝူလင်းယန်က အချိန်အနဲငယ်တိတ်ဆိတ်သွားပြီးမှ
"မင်းအဆင်ပြေရဲ့လား"
"ငါ့ရင်ထဲမှာကျပ်နေတယ် သူကလုံးဝပြောင်းလဲသွားတာ "
"ဟုတ်လား"
သူမ အကြောင်းစုံကိုပြောပြလိုက်တယ်
"မင်းဘယ်လိုစိတ်ကူးနဲ့များလက်ခံလိုက်တာလဲ အဲ့ဒါက မင်းကိုယ်မင်းညစ်ပတ်တဲ့ရွှံနွံထဲကိုလုံးဝဆွဲချလိုက်တာပဲ ယွမ်ယွမ် မင်းသူ့ကို ကိုယ်နဲ့ရည်းစားဖြစ်နေတယ်တို့ စေ့စပ်ထားတာတို့ လက်ထပ်လိုက်ပြီတို့ ဒါမှမဟုတ် ကလေးရှိတယ်တို့ အကြောင်းပြချက်အမျိုးမျိုးနဲ့ငြင်းလိုက်ရမှာ "
ŞİMDİ OKUDUĞUN
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantastikသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...