Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(29)
နတ်ဆိုး။ ။ ဘာတွေစောင့်နေတာလဲ နမ်းလိုက်တော့
နတ်ကောင်း။ ။ မဟုတ်ဘူး မလုပ်နဲ့
နတ်ဆိုး။ ။ လုပ်
နတ်ကောင်း။ ။ မလုပ်နဲ့
နတ်ဆိုး။ ။ လုပ်လိုက် နမ်းလိုက်
အဲ့ခနမှာ ဝူလင်းယန်လမ်းပျောက်နေလေတော့တယ်
ဒါပေမဲ့လဲ နောက်ခနမှာ သူ့ရဲ့နှုတ်ခမ်းတို့က မုယွမ်ယွမ်ရဲ့နှုတ်ခမ်းတို့နဲ့မိတ်ဆက်သွားတာကိုသိလိုက်ရတော့ သူ့နောက်ဆံပင်တွေပါထောင်သွားသလိုခံစားလိုက်ရတယ် သူတို့နီးကပ်နေပေမဲ့ နမ်းမိတော့မလိုဖြစ်နေပေမဲ့ တကယ်မနမ်းမိသေးဘူး ဒါပေမဲ့မုယွမ်ယွမ်ကခေါင်းကိုမတော်တဆမော့လိုက်မိတာကြောင့် သူတို့နမ်းမိသွားတာပဲ
နွေးထွေးအိစက်နူးညံ့စိုစွတ်တဲ့အထိအတွေ့က သူ့ရဲ့နှုတ်ခမ်းမှတဆင့်သွေးလွှတ်ကြောသွေးပြန်ကြောတွေကိုပျံ့နှံ့သွားပြီးနှလုံးသားဆီရောက်သွားကာ သေးငယ်တဲ့လျှပ်စီးကြောင်းထောင်ပေါင်းများစွာကိုဖြစ်ပေါ်လာစေတယ်
အရမ်းကိုထူးကဲသာယာစေတဲ့အထိအတွေ့လေးပဲ
ဝူလင်းယန်လဲ မနေနိုင်ပဲ လျှာလေးထုတ်ကယအသာယက်မိလိုက်တော့ ကမ္ဘာသစ်ရဲ့တံခါးပေါက်တွေအားလုံးပွင့်သွားသလို တံခါးပွင့်တဲ့အသံတွေကိုတောင် ထင်ယောင်ထင်မှားကြားလိုက်ရသလိုလို ဘာလိုလိုတောင်ဖြစ်သွားလိုက်သေး
ဝူလင်းယန် သူမရဲ့နှုတ်ခမ်းကို သူ့နှုတ်ခမ်းတို့နဲ့ အနဲငယ်ကိုက်လိုက်တော့ သူမက နာလို့ ဟပေးလာတဲ့အချိန် သူ့ရဲ့လျှာကို သူမရဲ့ခံတွင်းထဲထည့်လိုက်တဲ့အချိန်မှာတော့ အရမ်းလှုံ့ဆော်ခံလိုက်ရပြီး ယောကျာ်းတစ်ယောက်ဖြစ်တဲ့သူရဲ့အရာကလဲကြီးမားလာတော့တယ်
ဒါပေမဲ့ အဲ့ဒါကို ဝူလင်းယန်ကလျစ်လျူရှူ့ထားကာ သူမကိုနမ်းခြင်းလုပ်ငန်းစဉ်မှာပဲ အာရုံစိုက်ထားလေတယ်
သူ့ရဲ့ကိုယ်က သူမရဲ့ကိုယ်ပေါ်ဖိကပ်နေပြီး သူ့ရဲ့လက်တဖက်က သူမရဲ့ခါးကိုပွတ်သပ်နေကာ နောက်တဖက်ကတော့ သူမရဲ့မေးရိုးကိုလိုသလိုထိန်းချုပ်နေလေတယ်
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...