Extra .3.သမက်ဝမ်နှင့်ကောင်းမင်ထျန်း
"ကျွန်တော်က ဝမ်လဲ့ပါ ယွမ်အာရဲ့ချစ်သူပါ"
"......."
ကောင်းမင်ထျန်း အံဩလို့ပါးစပ်အဟလိုက်နဲ့ လုပ်လက်စတို့အားလူံးရပ်တန့်ကုန်တော့တယ်
သူသတိရလာချိန်မှာတော့ အနောက်မှာဟင်းချက်နေတဲ့မုယွမ်ယွမ်ကိုအားကြီးနဲ့အော်တော့တယ်
"မ' လာပါဦးဗျာ ဒီမှာကျွန်တော်နားမလည်လို့"
မီးဖိုချောင်ထဲက မုယွမ်ယွမ်ဟာ ဒေါသတကြီးနဲ့ထွက်လာပြီး ဧည့်ခန်းထဲက အခြေအနေကိုတွေ့တဲ့အခါမှာ ရယ်ရမလိုငိုရမလိုဖြစ်သွားလေတယ်
ဘာလို့လဲဆိုတော့ သူမကိုမျက်နှာငယ်ငယ်လေးနဲ့အားကိုးရှာသလိုကြည့်လာခဲ့တယ်
"ဪ ဝမ်လဲ့လာတာကိုပြောတာလား ကျွန်မခေါ်လိုက်တာလေ သမီးလေးရည်းစားရနေပြီဆိုလို့ကြည့်ရအောင်ခေါ်လိုက်တာ"
"ဘုန်းးးးးး"
ကောင်းမင်ထျန်းမှာ စားပွဲခုံကိုလက်နဲ့အားကုန်သုံးကာ ရိုက်ပစ်လိုက်ကာ
"အခုထိအိမ်မှာကလေးလိုလုပ်နေပြီးတော့ ရည်းစားကျတော့ထားတတ်တယ်ပေါ့ဟုတ်လား မင်ယွမ်! အရမ်းကိုတော်နေတတ်နေပါလားဟမ် "
"ပါးး! "
"မပြောနဲ့! ပါးစပ်ပိတ်ထား! "
ကောင်းမင်ထျန်းစိတ်ဆိုးတာ ပထမဆုံးအကြိမ်ပဲ မုယွမ်ယွမ်မှာ ကောင်းမင်ထျန်းကို အဲ့ကလေးဟာလူကောင်းဖြစ်ကြောင်း မနဲချော့မော့ပြောနေရပြီးတာတောင် သမက်ဝမ်နဲ့တည့်မလာဘူး
"ငါ့မိန်းမနဲ့ငါ့သမီးကကမင်းဘက်မှာရှိပေမဲ့ ငါကတော့လုံးဝကို လက်မခံနိုင်ဘူးဟေ့!"
အသံကျယ်နဲ့အော်ခဲ့ပြီး ကလေးဆိုးကြီးကောင်းမင်ထျန်းက သူ့ရတနာလေးကိုလာခိုးတဲ့သမက်ဝမ်နဲ့တခါမှကိုမတည့်ဖူးပါလေ
အမြဲတမ်းသတ်နေကာ မျက်စောင်းနဲ့ကြည့်စမြဲပဲ
ဒါဟာ ခန မဟုတ်ပဲ အမြဲဖြစ်သွားတော့မယ်ဆိုတာသေချာလှတယ်
ဒါပေမဲ့ သမီးကမွေးတဲ့မြေးလေးကျတော့ လူတွေအလစ်မှာသွားထိန်းလိုက်ရတာနဲ့ဘာနဲ့
ရှပ်အင်္ကျီမှာသေးစိုပြီးပေနေတာကိုတွေ့မှ အားလုံးခိုးရယ်ကြတော့တယ်
......
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...