extra.4.zgi

97 2 0
                                    

Extra .4.မြေးများနှင့်ကောင်းမင်ထျန်း

ဘာလိုလိုနဲ့ တဦးထဲသာမွေးထားတဲ့မုယွမ်ယွမ်ရဲ့သမီး ကောင်းမင်ယွမ်ကတော့ ကလေးများကို နှစ်နှစ်ခြားတစ်ယောက်စီမွေးပစ်လိုက်တာ အိမ်မှာမြေးတွေချည်းပဲ ငါးယောက်တောင်

အားလုံးကလဲ မတိမ်းမယိမ်းလေးတွေမို့ မုယွမ်ယွမ်မှာ တစ်ယောက်တမျိုးစီနဲ့အချစ်ပိုနေရတယ်

ဒါပေမဲ့ ကောင်းမင်ထျန်းကတော့ မမျှတသူကြီးပေါ့

ကောင်းမင်ယွမ်နဲ့ပိုတူတဲ့က‌လေးတွေကိုပဲအချစ်ပိုတယ် ဒါပေမဲ့ ကျန်တဲ့ကလေးတွေကိုမချစ်ဘူးလားဆိုတော့လဲ ကဲသဲနေတာပဲ

ကလေးတွေအုပ်စုလိုက်ကြီးနဲ့လူကြီးလေးယောက်ဟာ ပန်းခြံတခုမှာ အနားလဲယူ အပန်းလဲဖြေ ကလေးတွေကိုလဲ ဆော့ကစားစေကြရင်းနဲ့ အေးဆေးလေးရှိနေတယ်

မုယွမ်ယွမ်နဲ့ကောင်းမင်ယွမ်က အမွှာတွေလိုပဲထင်ရတယ် လုံးဝအရွယ်မကျသွားတဲ့မုယွမ်ယွမ်ကို ကောင်းမင်ထျန်းက အခုချိန်ထိ သဝန်တိုနေတုန်း ချစ်နေတုန်းပဲ

ကောင်လေးတစ်ယောက်ကများသူမကိုမကြည့်လိုက်နဲ့ နှာတမှုတ်မှုတ်နဲ့ ဒေါသကိုထွက်လို့မပြီးဘူး

သူ့ဒေါသကိုသူ့သမက်တောင်ညီးညူရတယ်

ဒါပေမဲ့လဲ ကောင်းမင်ထျန်းက တော်တော်ကောင်းနိုင်သူကြီးပါ

အိမ်မှာသာ သူ့သမက်နဲ့ရန်ဖြစ်ချင်ဖြစ်မယ် ကြည့်မရဖြစ်မယ် အပြင်ရောက်ရင်တော့ သူ့သမက်ကို သူ့ငယ်သားတွေက မကောင်းတချက်ပြောရင်တောင် ကြိုက်တာမဟုတ်ဘူး

လုပ်ပိုင်ခွင့်အပြည့်ပေးထားပြီး သူဝင်စွက်ဖက်တယ်ဆိုတာရှားတယ်

နှစ်ယောက်ထဲရှိတဲ့အိမ်က နှစ်တော်တော်ကြာတော့ တအုပ်တမကြီးရှိတဲ့အိမ်ဖြစ်သွားပြီး ပစ္စည်းတွေကလဲ ဟိုတပုံသည်တပုံနဲ့ တစ်ယောက်ပြီးတစ်ယောက်ဝယ်လာကြတာ မဝယ်လာကြပါတော့နဲ့လို့မနည်းတားယူရတဲ့အထိ

အခုလဲ ကလေးတွေဆော့တာကို ကြည့်နေတဲ့မုယွမ်ယွမ်ကို ဖျော်ရည်လာပေးရင်း ကောင်းမင်ထျန်းကပ်ချွဲလို့နေတယ်

"ဘယ်လိုဖြစ်နေလဲ အဘိုးကြီးဖြစ်နေပြီနော် ကလေးတွေရှိနေတယ်လေ"

မုယွမ်ယွမ်က မျက်နှာနီနီနဲ့တွန်းထုတ်နေပြီး အဝေးကိုအကြည့်လွှဲလိုက်တယ်

ဒါပေမဲ့ အဘိုးကြီးက ပြောမရ‌ပါဘူး

နောက်ဆုံး‌တော့ မုယွမ်ယွမ်မှာ လက်ခံလိုက်ရပြီး သူ့ပခုံးမှမှီလိုက်ရတော့တယ်

တကယ်တော့ ကောင်းမင်ထျန်းက သူမအတွက် နေလိုလလိုကြယ်လိုလူစားမျိုးပါ

သူကျောင်းသားအချိန်မှာသူမနဲ့အတူဖြူဖြူစင်စင်နဲ့ချစ်ခဲ့ကြပြီး သူမဆုတောင်းတွေပြည့်ဖို့ သူကကြွေပေးချင်တဲ့ကြယ်လေးတစင်းဖြစ်‌ခဲ့တယ်

ပြန်ဆုံတွေ့ခဲ့ကြချိန်မှာတော့ ဝုန်းဒိုင်းကြဲသောင်းကျန်းတတ်ပြီး သူမနားကပ်လာတြဲအန္တရာယ်တွေမှန်သမျှလောင်မြိုက်ရင်းကာကွယ်ပေးတတ်တဲ့နေမင်းလိုလူစားဖြစ်ခဲ့တယ်

အခု တတိယတကြိမ်မှာတော့ သူမကိုအေးမြမူ့တွေပေးပြီး မြဲမြဲအုပ်မိုးထားပေးတဲ့လမင်းလိုလူစားဖြစ်ခဲ့တယ်

အခုတော့ သူမလဲ သူ့အတွက်အရိပ်ခိုဖို့ထီးလေးတချောင်းဖြစ်ပေးနိုင်ခဲ့ပါပြီ သူမရဲ့မေတ္တာအရိပ်မှာနားခိုရင်း သူအေးမြနိုင်ခဲ့ပြီ

"ဘာတွေတွေးနေတာလဲ မ' "

"ဪ..ဒီအဘိုးကြီး ဘယ်အချိန်ထိကလေးဆန်နေမှာလဲလို့တွေးနေတာပါ "

"မ'နော် ကျွန်တော်က‌‌လေးဆန်တာ မ'ကိုချစ်လွန်းလို့ပဲမဟုတ်ဘူးလား"

"ဟုတ်ပါပြီ ဟုတ်ပါပြီ "

"ဘာလဲ ဘာလဲ အဲ့လေသံက ဘာလဲပြော ကျွန်တော့်ကိုညိုငြင်နေပြီလားဟင်?"

"မလုပ်ရဲပါဘူးရှင်"

"ကျွန်တော်သိသားပဲ ကျွန်တော့်မ'ကကျွန်တော့အပေါ်ဘယ်တော့မှအချစ်လျှော့သွားမှာမဟုတ်ဘူးဆိုတာ"

ကဲ ဘယ်လိုလုပ်ကြမလဲ  အသက်ကအိုနေပေမဲ့ သူမအပေါ်မှာထားတဲ့သူ့နှလုံးသားက အမြဲလတ်ဆတ်နေဆဲပဲ

ဒါကလဲ သူမရဲ့ကံကောင်းခြင်းတမျိုးပဲလေ မဟုတ်ဘူးလား

.......

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Donde viven las historias. Descúbrelo ahora