အပိုင်း(2)uni&zgi

1.3K 58 3
                                    


🌿🌿လေပြေနမ်းရှိုက်တဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(2)

ကကြီးပုံနဖူးမှာ မျက်ခုံးတန်းလေးကအထင်းသားနဲ့ ပယင်းရောင်မျက်ဝန်းညိုတွေက တလက်လက်နဲ့တောက်ပနေလေတယ်

အပေါ်နှုတ်ခမ်းပါးပါးလေးတွေက အောက်နှုတ်ခမ်းပြည့်ပြည့်လေးတွေနဲ့ပေါင်းလိုက်တော့ အရမ်းကိုဆွဲဆောင်မူ့ရှိစေတယ်

လေးထောင့်ဆန်တဲ့မေးရိုးပေါ်မှာတည်‌ေဆာက်ထားတဲ့ မေးနှစ်ခွကလဲ
ရှိနေလေတော့ ဘုရားက သိပ်ပြီး ဘက်လိုက်တတ်တယ်လို့ လူအားလုံးကငြီးငြူကြမှာအသေအချာပါပဲ

ပယင်းရောင်မျက်ဝန်းတွေရှိပေမဲ့ သွေးနှောတစ်ယောက်ရဲ့လက္ခဏာတွေကလဲ အထင်းသားပေါ်နေသေးတယ်

ဥပမာအားဖြင့် သူ့ရဲ့ရွှေရောင်ဖျော့ဖျော့ဆံနွယ်တို့ရဲ့ အနဲငယ်ကြမ်းတမ်းပုံရတဲ့အသား‌အရေတို့ပေါ့

ဒါပေမဲ့ အဲ့အသားကြမ်းတွေကပဲ သူ့ကိုပိုပြီး‌လှစေတာမို့ မိန်းကလေးတွေကိုပိုလို့စွဲလန်းစေလိမ့်မယ်

ငယ်ရွယ်လွန်းတဲ့အငွေ့အသက်နဲ့မျက်နှာထားကလဲ သူ့ဘဝရဲ့အကောင်းဆုံးအရွယ်မှာရှိနေတယ်ဆိုတာကိုတဆက်ထဲဖော်ပြနေလေတယ်

တော်တော်‌ငယ်သေးတဲ့ပုံပဲ

"သုံးဆောင်ပါခင်ဗျာ "

အနှီကောင်လေးကိုသူမကြည့်နေတုန်း ထိုကောင်ငယ်လေးကတော့ သူမစားပွဲက ထွက်ခွာသွားတာကြာနေပါပြီ

သူမရဲ့အကြည့်တွေကိုပြန်ရုတ်သိမ်းလိုက်ပြီး ခေါက်ဆွဲပေါ် အတွေးတို့ရောက်သွားပြန်တော့ စားချင်စဖွယ်ခေါက်ဆွဲလေးရဲ့ဆွဲဆောင်မူ့ကို သူမခံလိုက်ရလေတော့တယ်

တူကိုဖောက်ပြီး ခေါက်ဆွဲဖတ်တို့ဆယ်ယူကာ အသာဝါးလိုက်တော့ လျှာဖျားမှာစွဲထင်လာတဲ့အရသာနဲ့ခေါက်ဆွဲသားရဲ့နူးညံ့မူ့က သူမကို
အကြိုက်တွေ့သွားစေတယ်

ပဲမဲအနှစ်နဲ့ငရုတ်သီးချဉ်တို့ရဲ့သင့်တင့်လိုက်ဖက်တဲ့အရသာ

မုန်ညင်းရဲ့လတ်ဆတ်မူ့က အရမ်းဝါးလို့ကောင်းစေပြီး မုန်ညင်းအရသာသဲ့သဲ့ရှိတဲ့ဟင်းရည်ကလဲအရမ်းကိုသောက်လို့ကောင်းလေတယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Opowieści tętniące życiem. Odkryj je teraz