54.zgi

152 3 0
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(54)

ဝူလင်းယန်က ပြုံးတယ် ပြီးတော့ ဘာမှမတတ်နိုင်တဲ့ပုံလုပ်ပြတယ်

အဲ့တော့ သူမရဲ့အကြည့်စူးစူးတွေက သူမအဖေပေါ်ရောက်သွားတော့တာပဲ

"လာကြည့်မနေနဲ့ ပါး အထီးကျန်နေတယ်လို့ပြောတယ်လေ မင်းနဲ့လင်းယန်လက်ထပ်ပြီးရင် ပါးအနားယူတော့မယ်"

"နေပါဦး အဲ့ဒါ ဘာဖြစ်ရပြန်တာလဲ သေချာရှင်းပြ မဟုတ်ရင် နောက်တနေရာကိုထပ်မပြေးနိုင်ဘူးလို့များထင်နေတာလား"

မုပါးပါးက သက်ပြင်းချလိုက်ကာ

"အဲ့ယုတ်မာတဲ့မိန်းမက ပါးရဲ့နောက်ကွယ်မှာ ဖောက်ပြန်နေတယ်လေ ဟမ့် ဒါကြောင့် ပါးလဲ မသင်္ကာလာတာနဲ့ ဆေးစစ်ကြည့်တော့ အဲ့ကလေးနှစ်ယောက်ကလဲ မျိုးမစစ်လေးတွေဖြစ်နေပြန်တယ်လေ အဲ့‌တာကြောင့် တရားစွဲပြီး ထောင်ထဲထည့်လိုက်တယ် "

"ဟမ့် ပါးက အဲ့ဒါနဲ့ပဲတန်တယ် သမီးအရင်းကိုဘေးဖယ်ပြီး မျိုးမစစ်တွေကိုမြောက်စားခဲ့တဲ့ပါးရဲ့အမှားပဲ အခုရော နောင်တရပြီလား"

"ဟမ့် သမီးမိုက် ကိုယ့်အဖေဒုက္ခရောက်နေတာကိုပျော်နေလိုက်တာကြည့်ပါဦး ဟမ့် ‌အခုတော့ ပျော်ပြီလား အခု လင်းယန်နဲ့လက်ထပ်ဖို့လုပ်တော့"

"ပါး! "

"No no no ငြင်းဖို့မစဉ်းစားနဲ့ ဒီတခါတော့ ပါး‌အသေဖြောင့်အောင် ပါးစီစဉ်တာကိုနာခံပါ ဟုတ်ပြီလား "

"ဒါပေမဲ့ "

"ဒါပေမဲ့တွေဘာတွေလုပ်မနေနဲ့ လင်းယန်နဲ့ယူရင်ယူ မယူရင် စုန့်ထင်ရှန်းကိုယူ "

"စုန့်ထင်ရှန်း! ဟို ရုပ်ရှင်ရူးကိုပြောတာလား"

"မဟုတ်ရင်ဘယ်သူရှိမှာလဲ ‌အဲ့ကောင်လေးက မင်းကိုတော်တော်စွဲလန်းနေတဲ့ပုံပဲ ပါးကိုတွေ့တိုင်းမင်းအကြောင်းမေးတယ် "

"ဟမ့် "

မုပါးပါးမှာ သူ့သမီးရဲ့မာနကြီးတဲ့မျက်နှာထားကိုကြည့်လိုက်ပြီး မတတ်နိုင်ပဲသက်ပြင်းချမိတယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Donde viven las historias. Descúbrelo ahora