65.

378 15 1
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(65)

"မင်း ဘာလိုချင်တာလဲ "

"အဟက် ဘာမှ မလိုချင်ပါဘူး ကျွန်တော့်ကိုလွတ်လပ်ခွင့်ပေး ဒါဆိုရင် အနာဂတ်မှာ ဒီနေရာနဲ့လုံးဝမပတ်သတ်ပါဘူးလို့ ဂတိပေးတယ် ဘယ်လိုလဲ? "

"မရဘူး ရိတာကိုလက်ထပ်ပြီးဂိုဏ်းချုပ်နေရာကိုဆက်ခံရမယ် ဒါပေမဲ့ချွင်းချက်‌အနေနဲ့ မင်းနဲ့မင်းရဲ့မိန်းမကိုငါမထိဘူး မင်းတို့အတူနေလို့ရတယ် အဲ့ဒါ ငါလိုက်လျှောနိုင်တာအကုန်ပဲ"

"မဖြစ်နိုင်ဘူး ကျွန်တော့်ဘဝမှာ မိန်းမဆိုရင်မုယွမ်ယွမ်တစ်ယောက်ထဲပဲဖြစ်ရမယ် "

"ဒါဆိုရိတာကရော မင်းကိုအရမ်းချစ်တဲ့ရိတာကိုရော မင်းဘယ်လိုလုပ်မှာလဲ"

"စစထဲက သူနဲ့ဘာမှမပတ်သတ်ခဲ့တာပဲလေ အတင်းခွဲတဲ့ဖရဲသီးကမချိုဘူးဆိုတာ မာစတာလဲသိမှာပဲ မာစတာသေသွားပြီးမှ သူ့ကိုလုပ်ချင်ရာလုပ်ပစ်ရင်မာစတာသိမှာလား သတ်ပစ်တာမျိုး နှိပ်စက်တာမျိုး ဒါမှမဟုတ် ရောင်းစားတာမျိုး ကျွန်တော်လုပ်ခဲ့ရင် မာစတာသိနိုင်မှာတဲ့လား"

"မင်းလုပ်ရဲလား"

"ဘာလို့မလုပ်ရဲရမှာလဲ ကျွန်တော်မလိုချင်တာကို အတင်းထိုးထည့်တယ်ဆိုရင်တော့ ကျိန်းသေလုပ်မှာပေါ့ ဒါပေမဲ့လဲ အဲ့လိုအခွင့်အရေးကလဲ မရှိလောက်တော့ပါဘူး ဘာလို့လဲဆိုတော့ ကျွန်တော့်ဘဝမှာ မုယွမ်ယွမ်ကလွဲပြီး နောက်တစ်ယောက်ရှိလာမှာမဟုတ်လို့ပဲ"

"မင်း....!!!"

ကောင်းမင်ထျန်းက စိတ်ရှည်မှု့ကုန်ဆုံးသွားပုံရကာ

"မာစတာ မြန်မြန်ဆုံးဖြတ်ပါ ဒီတိုက်ပွဲကို တိုက်မှာလား မတိုက်ဘူးလား"

မာစတာအိုကြီးဟာ မျက်မှောင်ကြုတ်ပြီးအသည်းအသန်တွေးနေတယ်

အဘက်ဘက်က စဉ်းစားပြီးတဲ့အခါမှာတော့ မာစတာအိုကြီးက သက်ပြင်းကိုခပ်နက်နက်ရှိုက်ကာ သူ့လက်ကိုမြောက်လိုက်လေတော့တယ်

အဲ့တခနမှာပဲ အပြင်ကနှစ်ဖွဲ့ဟာလဲ အချင်းချင်းခုတ်ထစ်ကုန်ကြတော့တယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Donde viven las historias. Descúbrelo ahora