68.zgi

84 2 0
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(68)

ကောင်းမင်ထျန်းက လရိပ်ဂိုဏ်းအပြင် ညနက်ဂိုဏ်း ဝံပုလွေဖြူဂိုဏ်းစတဲ့ဂိုဏ်း‌တရာကျော်ကိုအောင်အောင်မြင်မြင်သိမ်းယူနိုင်ခဲ့ပြီမို့ မာစတာဖြစ်သွားခဲ့ပြီ

ဂန်ချိတိုမာနိုကိုကတော့ တိုက်ဆဲခိုက်ဆဲအလယ်တဝက်လောက်မှာငရဲကိုကြွမြန်းသွားတာမို့ ကောင်းမင်ထျန်းအင်အားနဲ့ဖိနှိပ်လိုက်ပြီးသကာလ ဂိုဏ်းက ငြိမ်သက်သွားတော့တယ်

အခုတော့ မာစတာကောင်းရဲ့အရှေ့မှာ ရိတာနဲ့ချိတာတို့မောင်နှမနှစ်ယောက်လုံး မျက်နှာငယ်နဲ့ဒူးထောက်နေကြလေတယ်

ဒါက မုယွမ်ယွမ် သတိရလာတဲ့အချိန်မှာတွေ့လိုက်ရတဲ့မြင်ကွင်းပဲ

အေးစက်စက်ရေခဲတောင်ကြီးလို မတုန်မလှုပ်နဲ့ ကောင်းကင်ကြီးလောက်ရှိတဲ့နံရံကိုတည်ဆောက်ထားသူ ကောင်းမင်ထျန်းက သူမနိုးလာတာလဲတွေ့ရော ပျာယာခတ်သွားပြီး လုံးဝကိုယုန်ဖြူ‌လေးဖြစ်သွားတော့တယ်

"မ'နိုးလာပြီလား မ'ဘယ်လိုနေသေးလဲဟင် ကျွန်တော်ဆရာဝန်ခေါ်လိုက်ဦးမယ် ခန ခနလေးနော်"

ဒူးထောက်နေတဲ့ကျောက်ရုပ်နှစ်ရုပ်ကိုလျစ်လျူရှူ့လျှက် ကောင်းမင်ထျန်းက ဆရာဝန်ခေါ်တဲ့ဘလ်ကိုအကြိမ်ကြိမ်နှိပ်ပြီးတာနဲ့ အပြင်ကိုတန်းပြေးထွက်သွားတော့တယ်

မုယွမ်ယွမ်ကတော့ သူမ သတိမလစ်ခင်ကမှတ်ဉာဏ်တွေကိုပြန်ခေါ်နေဆဲပဲ မျက်မှောင်ကြုတ်ထားပြီး တံတွေးတောင်မျိုချရခက်နေတဲ့ လည်‌ချောင်းကိုလက်တဖက်ကကိုင်ထားကာ ကျန်လက်တဖက်ကတော့ ခေါင်းကိုကိုင်ထားလေတယ်

ဘာတွေဖြစ်သွားတာလဲ?

မုယွမ်ယွမ်တွေးနေဆဲမှာပဲ ပျာယာခတ်နေတဲ့ကောင်းမင်ထျန်းတစ်ယောက် ဘယ်ကတွေ့လာမှန်းမသိတဲ့ဆရာဝန်တစ်ယောက်ကိုဆွဲပြီးအခန်းထဲပြန်ရောက်လာခဲ့တယ်

ပါလာတဲ့ဆရာဝန်ကလဲ စိတ်ညစ်နေတဲ့မျက်နှာပေးမျိုးဖြစ်နေပေမဲ့ လူနာကိုတော့ကောင်းကောင်းဂရုစိုက်နေဆဲပဲ

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Opowieści tętniące życiem. Odkryj je teraz