အပိုင်း(16)uni&zgi

656 37 2
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှုသံလေး

အပိုင်း(16)

"ကိုယ်တို့တွဲရအောင် ကိုယ်မင်းကိုစိတ်ဝင်စားတယ်"

"ဖူးးးးး အဟွတ် အဟွတ်"

သီးသန့်ခန်းထဲမှာမို့တော်သေးတယ်

မဟုတ်ရင် အားလုံးဝိုင်းကြည့်တဲ့ဒဏ်နဲ့ ပြာကျလောက်အောင်ရှက်ရမှာသေချာတယ်

"ဆောရီး ဆောရီး ကျွန်မ နားကြားလွဲသွားတာလား ဟမ် ဘာပြောလိုက်တာ?"

"ကိုယ်တို့တွဲရအောင်  ဪ.... ကိုယ်မင်းကိုစိတ်တိုင်းကျတယ်လို့ပြောတာ"

"............"

ဒီတယောက်ကရူးများသွားပြီလားမသိဘူး ရုတ်တရက်ကြီးဘာတွေလာပြောနေတာလဲ

"ဆောရီး ကျွန်မရှင့်ကိုစိတ်မဝင်စားဘူး "

"အင်း ကိုယ်သိပါတယ် ဒါပေမဲ့ ကိုယ်စောင့်နိုင်တယ် မင်းနှလုံးသား ကိုယ့်အပေါ်တိမ်းညွတ်လာတဲ့အထိ စိတ်ရှည်ရှည်နဲ့စောင့်နေမှာ ဒီကြားထဲ ကိုယ့်ကို မင်းနဲ့ဆက်သွယ်ဖို့အခွင့်အရေးတခုလောက်ပေးပါလား"

"ရှင်မသိလို့နော် ကျွန်မကိုစောင့်မယ်လို့ပြောတဲ့ယောကျာ်းတွေများတယ် ဒါပေမဲ့ သူတို့တွေ တစ်ယောက်မှ မအောင်မြင်သွားကြဘူးနော် ဘာလို့လဲဆိုတော့ သူတို့ပြောတာတွေအားလုံးက အလိမ်အညာတွေချည်းဖြစ်နေလို့ပဲ "

"ကိုယ်ကတော့ ကျိန်းသေပေါက်စောင့်မှာပါ"

"ကောင်းပြီလေ ရှင်ကြိုးစားကြည့်နိုင်ပါတယ် မဟုတ်ရင် ကျွန်မကမတရားဘူးဖြစ်နေဦးမယ် "

"ကိုယ့်ကိုအခွင့်အရေးပေးလို့ကျေးဇူးပါ"

"မလိုပါဘူး ဒါက ရှင့်ရဲ့ကြိုးစားခွင့်ဖြစ်သလို လက်လျော့ဖို့အတွက်လမ်းလဲဖြစ်လာနိုင်တာမို့ ကျွန်မကိုအားနာစရာမလိုပါဘူး"

"ကောင်းပါပြီ"

"ဒီလောက်နဲ့ပဲပြန်ရအောင် "

"အွန်း"

သူမတို့သီးသန့်ခန်းထဲကထွက်လာတော့ စုန့်ထင်ရှန်းက သူ့ရဲ့မျက်နှာနဲ့ခေါင်းကိုဦးထုတ်ဆောင်းကာသေချာကာကွယ်လိုက်တယ်

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Onde histórias criam vida. Descubra agora