Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှုသံလေးအပိုင်း(63)
"ဂျပန်သွားမှာလား"
"အင်း ကျွန်ဝောာ်သွားရမယ် သူကပြောရင်ပြောတဲ့အတိုင်း တကယ်လုပ်မှာ ကျွန်တော့်တကိုယ်လုံးမှာ နှလုံးသားကအနုညံ့ဆုံးပဲ အဲ့နှလုံးသားထဲမှာသိမ်းထားတဲ့မ'အပေါ် လက်ညိုးလေးတစ်ချောင်းတောင်တင်လာတာကိုမလိုချင်ဘူး ကျွန်တော်ရင်နာတယ် ဒါကြောင့် ဒီပြသနာကိုရှင်းဖို့သွားမှရမယ်"
မုယွမ်ယွမ်က မျက်နှာအပြည့်ပြုံးလိုက်ကာ သူ့ကိုလဲတိုးဖက်ရင်း ပါးချင်းကပ်ကာပြောမိတယ်
"အွန်း နားလည်ပါပြီ မြန်မြန်ပြန်လာနော် တို့မင်းကိုစောင့်နေမယ် ဂရုလဲစိုက်ဦး မထိခိုက်မိစေနဲ့ တို့စောင့်နေတယ်ဆိုတာ မမေ့နဲ့နော်"
"အင်းပါ မ'ရယ် ကျွန်တော်နားလည်ပါတယ် မ'နားကိုမြန်မြန်ပြန်လာခဲ့မယ်နော် "
"အွန်း"
အဲ့လိုနဲ့ ကောင်းမင်ထျန်း ဂျပန်ကိုသွားခဲ့တယ် အဲ့တော့မှ အိမ်တွင်းအောင်းမမလေးလုပ်နေတဲ့ မုယွမ်ယွမ်လဲ အပြင်ကိုရောက်လာတော့တယ် သူမဖုန်းလဲ အခုမှ ပါဝါပြန်ဖွင့်မိတော့တယ် သူမဖုန်းက ဘယ်အချိန်ထဲက ကောင်းမင်ထျန်းဆီရောက်သွားမှနး်မသိပေမဲ့ အိပ်ရာပေါ်မှာ ရှိရင်ရှိ မရှိရင်လဲ ကျီစယ်ကြည်နူးတစ်တီတူးနေကြတာမို့ ဖုန်းကဘယ်ချောင်ကပ်နေမှန်းတောင်မသိခဲ့ဘူး အခုမှပဲ သူမဖုန်းကိုပြန်ရတော့တယ်
ဖုန်းဖွင့်လိုက်တာနဲ့ သူမ အဖေ လင်းယန် တို့ဆီက စာဝင်ထားတာတွေနဲ့ သူမအလုပ်တွေဆီကလဲ စာတွေတပုံကြီးရထားလေတယ်
စာတွေကိုဖတ်နေရင်း ပြန်သင့်တဲ့ဟာပြန်ရင်း သူမဟာ ယောင်လည်လည်နဲ့ အဖေရှိတဲ့နေရာကိုပဲ ပြန်ရောက်သွားလေတယ်
တံခါးဝရောက်တာနဲ့ မုပါးပါးက သူမကိုတန်းဆူတော့တာပဲ
"မုယွမ်ယွမ် အသိစိတ်မရှိတဲ့ဟာမလေး တပတ်တောင်ပျောက်သွားတယ် ကောင်းမင်ထျန်းနဲ့အတူရှိနေတယ်ဆိုတာကိုသာမသိရင် ရဲစခန်းတိုင်ရတော့မယ်တောင်ထင်တာ နှလုံးသားမရှိတဲ့ဟာမလေး ကိုယ့်အဖေကိုတောင် အကျိုးအကြောင်းတခွန်းမှမပြောဘူး ဘယ်လိုရက်စက်နိုင်ရတာလဲဟမ်"

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...