Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(31)
"လင်း... ! လင်းယန် ! .... နင်ဘာပြောလိုက်တာ ! "
".........."
"......? ?......"
"ဟမ်"
".........."
မုယွမ်ယွမ် ငိုနေတာတောင်မေ့ပြီး ပါးစပ်အဟလိုက်နဲ့ ဝူလင်းယန်ကိုကြည့်နေမိတယ်
သူမ နားကြားများမှားသွားတာလား ?
"ကိုယ်........ "
".............."
မုယွမ်ယွမ်မှာ အငိုရပ်သွားပေမဲ့ သူ့ကိုအံဩသလိုကြည့်နေတုန်းပဲ
ဒါပေမဲ့ အဲ့အကြည့်ဟာ ပကတိသန့်စင်ကြည်လင်နေပြီး သူ့ကိုရွံ့ရှာတာမျိုး မုန်းတ်ီးနေတာမျိုး လုံးဝကိုမပါနေခဲ့ဘူး
သူကလဲ ပြောလက်စ ချော်လဲရောထိုင် အနေအထားနဲ့ပဲ သူမကိုဆက်ပြီးပြောလိုက်လေတော့တယ်
မဟုတ်ရင်လဲ ဖုံးကွယ်သိုဝှက်ထားရလို့သေတော့မှာကိုး
"ကိုယ်....ကိုယ်မင်းကိုချစ်တယ်လို့ပြောလိုက်တာ "
"ဘာလို့လဲ ?"
"ဟင်? ဘာကိုလဲ?ဘာလို့လဲဆိုတာက?"
"မဟုတ်သေးဘူးလေ ငါ ဆယ်စုနှစ်တခုစာလောက်တောင် နင့်ကိုလိုက်နေတာလေ အဲ့တုန်းကကျတော့ မလှုပ်ခဲ့ပဲမတုန့်ပြန်ခဲ့ပဲနဲ့ ခုတော့မှ ငါ့ကိုချစ်တယ်ဆိုတော့ လင်းယန် နင်ရူးနေတာမဟုတ်ရင် ငါနားကြားမှားသွားတာပဲဖြစ်ရမယ်"
ဝူလင်းယန် ရှက်သွားကာ စိတ်ဓာတ်လဲကျနေတဲ့လေသံနဲ့
"မဟုတ်ပါဘူး ! ကိုယ် ! ကိုယ် မသိခဲ့လို့ မတုန့်ပြန်ခဲ့ရုံလေးပါ "
"........."
မုယွမ်ယွမ်ရဲ့မျက်နှာက စိတ်ရှုပ်ထွေးနေခြင်း အံအားသင့်နေခြင်းအပြည့်နဲ့ သူ့ကိုပြစိုက်ကြည့်နေတာကြောင့် ဝူလင်းယန်က ခပ်မြန်မြန်ပဲ ထပ်ရှင်းပြလိုက်လေတယ်
"ကိုယ်.....ကိုယ်..... မင်း....ကိုယ့်ကိုလိုက်နေတယ်ဆိုတာလုံးဝမသိခဲ့ဘူး "
ဒိတခါတော့ မုယွမ်ယွမ်မှာ ဒေါသရိပ်စွန်းလာကာ
"ငါပါးစပ်ကထုတ်မပြောရုံတမယ်ပဲလေ ငါ နင့်ကိုစွဲလန်းလွန်းလို့ နင်သာပြန်မချစ်ရင် ငါတကယ်သေမှာလို့တောင်တွေးမိခဲ့ရူးမိုက်ခဲ့တြဲအချိန်တွေတောင်ရှိခဲ့တာ နင်တကယ်မသိဘူးဆိုတာ ဖြစ်နိုင်လို့လား"

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...