အပိုင်း(14) uni&zgi

660 35 2
                                    


လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(14)

"အဓိကအကြောင်းအရာကိုပြော"

"အဖေ့ရဲ့မိတ်ဆွေသားနဲ့ချိန်းထားပေးတယ် ဒီည ဘလိုင်းဒိတ်သွားလိုက်ဦး"

"ဟမ် လာပြန်ပြီလား ဒီဘလိုင်းဒိတ်က ဟိုတလောကမှ နားထားတာမဟုတ်ဘူးလား မသွားဘူး "

"မရဘူး ပြောပြီးသားဖြစ်နေပြီ သွားလိုက်"

"သွားရင် ဟိုဖက်ကငနဲကို အရှက်တကွဲအကျိုးနဲဖြစ်အောင်လုပ်လိုက်မှာနော် "

"ကျွစ် မိန်းကလေးဖြစ်ပြီး ဘာစကားတွေပြောနေတာလဲ သွားဆိုသွားလိုက်ပေါ့ "

"ပြီးရော ပြီးရော လိပ်စာနဲ့ဓာတ်ပုံပို့ထားလိုက် "

သူမကပြောပြီးတာနဲ့ ချက်ချင်းထပြန်သွားတော့တယ်

မုသူဌေးက သက်ပြင်းချလိုက်ပြီး အတွင်းရေးမှူးကိုကြည့်ကာ

"ဘလိုင်းဒိတ်ကိုလက်ခံတယ်ဆိုတော့ ဟိုတစ်ယောက်ကိုအာရုံသိပ်ရှိပုံမရဘူး အခုလောလောဆယ်တော့လွှတ်ထားလိုက်ဦး"

"ဟုတ်ကဲ့နားလည်ပါပြီ"

"ဒီကောင်မလေး ဒီတခေါက်‌ဒိတ်မှာအဆင်ပြေ‌လာရင်တော့ကောင်းမှာပဲ ဒီတခေါက်ကောင်လေးက ရုပ်ရှင်မင်းသားဖြစ်ပြီး အရမ်းရည်မွန်တယ်လို့သိရတယ် အင်း သမက်ဖြစ်ဖို့ အရမ်းအကောင်းကြီးတော့မဟုတ်ပေမဲ့ သိပ်လဲမဆိုးပါဘူး"

အတွင်းရေးမှူးပါးစပ်အဟောင်းသားဖြစ်သွားလေတယ်

နိုင်ငံကျော်ရုပ်ရှင်မင်းသားဖြစ်တဲ့အပြင် ရည်းစားသတင်းလဲတခါမှမထွက်ဖူးတဲ့လူပျို နုနုထွတ်ထွတ်လေးပါဗျာ တနိုင်ငံလုံးက မိခင်တွေက သမက်တော်ချင်နေကြတာ သူဌေးကတော့ မဆိုးပါဘူးတဲ့လား

အေးပေါ့လေ ထားစရာနေရာမရှိအောင်ချစ်ရတဲ့သမီးလေးဆိုတော့လဲ မျက်စိထဲဘယ်သူနဲ့မှမတန်ဘူးလို့ထင်နေမှာပေါ့

သူဌေးနဲ့မမလေးတို့ကြားထဲ အဲ့တခေါက်ကပြသနာသာမရှိခဲ့ရင် အရင်ကလို ‌ပျော်ပျော်ရွှင်ရွှင်ဖြစ်နေမှာပဲ သူဌေးကတော်က ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးသွားတာ သိပ်နှမြောဖို့ကောင်းတယ် မဟုတ်ရင် သူဌေးနဲ့မမလေးတို့ကလဲ အခုလိုဖြစ်နေမှာမဟုတ်ဘူး

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Where stories live. Discover now