30.zgi

206 3 1
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(30)

"ငါတော့ မနေ့ညက မှောက်သွားတာ  ဘာမှမသိဘူးဖြစ်သွားတယ် ကလပ်ကထွက်လာပြီး ကားတားစီးတာကို မှတ်မိပေမဲ့ ကျန်တာကတော့ လုံးဝကိုမသိတော့တာ ဟားဟားး လုံးဝကိုခွေးဖြစ်သွားတာပဲ "

"အွန်း"

ရေသောက်နေရင်းမှ ဝူလင်းယန်ကိုကြည့်လိုက်ပြီး

"နင်ပင်ပန်းနေတာနဲ့တူတယ် မျက်နှာလဲမကောင်းဘူး "

"အွန်း ကိုယ်နဲနဲပင်ပန်းနေလို့ ဒါနဲ့ ယွမ်ယွမ် မင်းရောဘယ်လိုလဲ "

"ငါတို့ပြတ်သွားပြီ"

"......... "

ရင်ထဲအပျော်တွေဖြတ်သန်းသွားကာ လန်းဆန်းသွားတဲ့ ဝူလင်းယန်က သူ့အပြုံးတွေကို မရမကသိမ်းဆည်းလိုက်ကာ

"အဆင်ရောပြေရဲ့လား "

သူမရဲ့အဆင်မပြေတဲ့ မျက်နှာထားကိုကြည့်ကာ သူ့ရဲ့မနာလိုစိတ်က အရမ်းကိုကြီးတာပဲလို့ တွေးလိုက်မိတယ်

တကယ်ဆို သူ ပျော်မနေသင့်ဘူး ဒါပေမဲ့ သူအရမ်းပျော်နေမိတယ်

ဘယ်လိုလုပ်မလဲ

သူ အော်ဟစ်ပြီးတော့ကို အောင်ပွဲခံချင်နေတာ

  ဒါပေမဲ့ အဲ့စိတ်ကိုမနဲဖုံးထားရတာကြောင့် ရင်ဘတ်တွေတောင်နာလာသလိုပဲ ကော့တက်နေတဲ့ပါးစပ်ကိုလက်နဲ့ကွယ်ထားရတာကြောင့် သြူအသံကဗလုံးဗထွေးဖြစ်နေလေတယ်

"မပြေဘူး လင်းယန် ငါသူနဲ့အကြာကြီးချစ်ခဲ့ကြတာမဟုတ်ပေမဲ့ ငါတို့က ကလေးကစားနေသလို ပေါ့ပျက်ပျက်လုပ်ခဲ့တာလဲ မဟုတ်လေတော့ ငါအရမ်းဝမ်းနည်းနေတယ် "

ဝူလင်းယန်က လက်တဖက်ကိုဖုံးထားရင်းမှ ကျန်လက်တဖက်ကို မလိုက်ကာ သူမရဲ့ကျောပြင်ကိုအသာပွတ်သပ်လိုက်တယ်

အမ်းးးး နူးညံ့နေတာပဲ

"......... "

ဝူလင်းယန် ကိုယ့်အတွေးကိုယ် အတထင်သေးရှုံ့ချလိုက်ရင်း

"နောက်တော့အဆင်ပြေသွားမှာပါ "

ဘာမှမသိတဲ့ မုယွမ်ယွမ်ကတော့ သူမကိုယ်သူမ ဝံပုလွေတွင်းထဲရောက်နေမှန်းမသိသေးပဲ သူမရဲ့ခံစားချက်တွေကိုပဲ ထုတ်ပြောပြကာ နောက်ဆုံးတော့ ငိုချလာပါလေရော

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Tempat cerita menjadi hidup. Temukan sekarang