44.45.zgi

230 4 0
                                    

44.45.

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(44)

"ယွမ်ယွမ် ကိုယ်‌နဲ့အဝေးကြီးကိုထွက်သွားကြမလား မင်းရဲ့ခံစားချက်တွေအနည်ထိုင်လာပြီး ကိုယ့်ကိုလက်ခံနိုင်လာတဲ့အချိန်အထိ မင်းကိုစောင့်ပေးနိုင်ပါတယ် "

"လင်းယန် .....ငါ"

"ကိုယ်သိပါတယ် နောက်ထပ် ဆက်ဆံရေးတခုကို စဖို့မင်းကြောက်နေမယ်ဆိုတာပေါ့ ဒါပေမဲ့ မင်း အရာအားလုံးကို တဖြေးဖြေးလက်ခံနိုင်လာတဲ့အထိ ကိုယ့်ဘက်က စိတ်ရှည်လက်ရှည်နဲ့စောင့်ပေးမှာ လုံးဝဖိအားမပေးပါဘူး ဆယ်နှစ်ကျော်သံယောဇဉ်က နဲတာမှမဟုတ်တာ မင်းသာ ဆန္ဒရှိသရွေုကိုယ်တို့ပြန်စနိုင်မယ်ဆိုတာယုံတယ်"

အနဲဆုံးတော့ သူမလဲ အချစ်နဲ့သံယောဇဉ်ကိုရောထွေးပစ်လိုက်ဖို့အချိန်ကောင်းကောင်းရတာပေါ့

အဲ့ဒိအခါ သူ့အပေါ်ပဲပြန်ပြီးစိတ်ယိုင်လာလိ့မ်မယ်

သူ့ကိုပဲပြန်ချစ်လာလိမ့်မယ်

သူယုံကြည်တယ် သူမသာ သူ့နောက်လိုက်ခဲ့ဖို့ဆန္ဒရှိရင် သူအတွေး
တွေကလက်တွေ့ဖြစ်လာမှာ

"လင်းယန် ငါ.... "

မုယွမ်ယွမ် ငြင်းတော့မဲ့ဆဲဆဲ သူမဘေးကနေရာကို ကောင်းမင်ထျန်းရောက်လာပြီ ဝင်ထိုင်လာကာ

"စိတ်မကောင်းပေမဲ့ မင်းအတွက်အခွင့်အရေးမရှိလို့ပဲပြောပါရစေ မုယွမ်ယွမ်ရဲ့အချစ်တင်မက ကိုယ်ခန္ဒာရော အသွေးအသားတွေကပါ အားလုံးကို ကျွန်တော်ကပိုင်ပြီးသား ဒါကြောင့် ပွဲလန့်တုန်းဖျာခင်းမနေပဲ လစ်လိုက်တော့ "

အေးစက်စက်အရှိန်အဝါတွေအပြည့်လွှတ်နေပြီး အရမ်းကိုကြောက်ဖို့ကောင်းနေလေတယ်

မုယွမ်ယွမ်က သူ့ရဲ့ပုံစံအသစ်ကြောင့် ဆွံ့အနေပြီး ဝူလင်းယန်ကတော့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ကာ အလျှော့မပေးပဲ

"နောက်ပေါက်တဲ့‌ရွှေကြာပင်ပဲ ဝေးဝေးကိုလစ်လိုက်စမ်းပါ မင်းနားမလည်နိုင်တဲ့ဆယ်နှစ်တာအချစ်ကငါတို့ဆီမှာရှိတယ် မင်းသာပေါ်မလာရင် မင်းအခုရနေသမျှ အဲ့တာအားလုံးက ငါပဲရနေမှာနားလည်လား"

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Où les histoires vivent. Découvrez maintenant