လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး
အပိုင်း(55)
အိမ်မက်မဟုတ်ပါစေနဲ့
သူမ အမြင်မှားတာမဟုတ်ပါစေနဲ့
ေကျးဇူးပြုပြီး ကျေးဇူးပြုပြီး သူပဲဖြစ်နေပါစေ သူ မသေပဲ သူမရှေ့ရောက်လာတာပဲဖြစ်ပါစေ
ပုံမှန်ဆို သူမက သွေးအေးပြီး တစ်ကိုယ်ကောင်းဆန်ပေမဲ့ ဒိတခါတော့ တဘဝလုံးရဲ့ကံကောင်း ခြင်းတွေအကုန်ကုန်သွားရင်တောင် သူမ အကြည့်မမှားဖို့ သူမ အထင်အမှန်ဖြစ်ဖို့ဆုတောင်းနေမိတယ်
သူမရဲ့စိတ်လှုပ်ရှားမူ့နဲ့ရုတ်တရက်သက်ဝင်လာတဲ့သူမရဲ့ကြယ်မြစ်တစင်းလိုမျက်ဝန်းတို့ဟာ အားလုံးကိုဆွဲဆောင်နေခဲ့ပြန်တယ်
သူမလျှောက်လှမ်းသွားနေတုန်း အဲ့ပုံရိပ်လေးက ထလာပြီး သူမဆီကိုလက်ကမ်းလာခဲ့တယ် အမှောင်ထဲရောက်နေပေမဲ့ သူ့ရဲ့ဖြူဖွေးရှည်လျားသွယ်လျှလွန်းကာ အကြောစိမ်းတို့ယှက်ဆိုင်းနေတဲ့ လက်ကို သူမမှတ်မိနေတုန်းပဲ
တကယ် သူပဲ
သူပဲ သူမကိုရင်ခုန်လှုပ်ရှားအောင်ပြုလုပ်နိုင်စွမ်းရှိတယ်
"မင်ထျန်းးးး "
သူမတိုးလျှစွာခေါ်လိုက်တာနဲ့ သူမကိုကမ်းလာတဲ့လက်က အမှောင်ထဲကိုပြန်လည်တိုးဝင်သွားခဲ့တယ် သူမအထိတ်တလန့်နဲ့အော်ခေါ်ချင်ပေမဲ့ သူမရှေ့ပိတ်ရပ်လာတဲ့ ဝူလင်းကြောင့်အာရုံပျက်သွားပြီး လင်းယန်ကိုအားကိုးတကြီးနဲ့ပြောနေမိတယ်
"လင်းယန် လင်းယန် သူ သူပဲ သူ ကောင်းမင်ထျန်းပဲ ငါ ငါ သေချာတယ် သူပဲ သူမသေသေးဘူး"
"ဟမ် ? ဘယ်မှာလဲ ?"
"ဟိုမှာ ငါ သေချာမြင်ခဲ့.....ဟမ်? "
မုယွမ်ယွမ် သေချာကြည့်လိုက်ပေမဲ့ လူတစ်ယောက်တောင်မရှိတဲ့အဲ့နေရာဟာ နဂိုထဲက ဧည့်သည်တွေအတွက်မဟုတ်ခဲ့ဘူး အမဲရောင်နံရံကိုသာ ဗလာသက်သက်နဲ့ကြည့်နေမိတဲ့မုယွမ်ယွမ်က သူမ အမြင်မမှားခဲ့ဘူးဆိုတာကို ကိုယ်သာကိုယ်တိတ်တဆိတ်အတည်ပြုနေခဲ့တယ်
ဒါပေမဲ့ သူမ တကယ်ပဲအမြင်မှားတာလား သူ့ကိုအကြိမ်ပေါင်းများစွာ မြင်ရတွေ့ရတာတွေအားလုံးက အကြိမ်တိုင်း စိတ်ကူးချည်းပဲဖြစ်သွားတတ်တာကိုး

YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...