42+43

622 26 4
                                    

Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေး

အပိုင်း(42)

"အဟက် အဲ့လောက်ထိချစ်ပြနေတော့လဲ ကျွန်တော်က လူဆိုးကြီးအတိုင်းပဲ ဗီလိန်နေရာကိုရောက်သွားတယ်‌လို့‌ေတာင်ခံစားရတယ်"

မုယွမ်ယွမ် ခနတော့ ထိတ်လန့်သွားမိပေမဲ့ သူ့ပုံကြောင့် ခနအတွင်းပဲ ဒေါသအဖြစ်ပြောင်းလဲသွားလေတော့တယ်

သူမကိုလာဆူဖို့‌တော့ အချိန်ရှိတယ် ဒါပေမဲ့ အဝတ်ကျတော့လဲဖို့အချိန်မရှိဘူးပေါ့လေ

"အရမ်းအားနေရင်လဲ အဝတ်သာလဲ‌ေနလိုက် သွေးစွန်းနေတဲ့အဝတ်ကိုဝတ်ရတာတော်တော်စွဲလန်းနေလား"

လက်နားတွေ‌ေသွးစွန်းနေပြီးတော့ လက်စည်းထားတဲ့ နေရာမှာလဲ သွေးစတချို့ရှိနေတယ်

မုယွမ်ယွမ် မျက်ဝန်းထောင့်တို့လှုတ်ခတ်သွားတယ် ဒါပေမဲ့ ချက်ချင်း ကန်ရေပြင်လိုပြန်တည်ငြိမ်သွားလေတယ်

"မုယွမ်ယွမ် ကျွန်တော်က တတိယဘီးဖြစ်နေတာလား"

"........"

"ဗီလိန်ပေါ့လေ ဟုတ်လား "

"နင် ဘာဖြစ်နေတာလဲ အလကားနေရင်းပြသနာလိုက်ရှာနေတယ် ငါ့ကိုပိတ်လှောင်ထားရပြီးရင်တော်ပြီပေါ့ ကောင်းမင်ထျန်း နင်ဘာလိုချင်နေသေးတာလဲ"

"မင်းရဲ့ အချစ် ခန္ဒာကိုယ် အသွေးအသား မင်းနဲ့ရတဲ့ကလေး မင်းနဲ့ပတ်သတ်သမျှအရာအားလုံးကိုလိုချင်တာ"

မုယွမ်ယွမ် ရုတ်တရက်ကြီး ဒီစကားဝိုင်းက အဓိပ္ပာယ်မရှိဘူးလို့ ထင်လာခဲ့တယ် ဒါကြောင့် သူမ နောက်ကျောလှည့်လိုက်ကာ

"ငါတို့ဆက်မပြောရင်ကောင်းလိမ့်မယ်"

"ဘာလို့လဲ အဲ့ဒါတွေကိုတခုမှမပေးနိုင်ဘူးပေါ့ ဟုတ်လား ဒါပေမဲ့ ဘယ်လိုလုပ်ကြမလဲ ဟမ် ကျွန်တော့်က အဲ့ဒါတွေကိုရပြီးသွားပြီလေ မင်းလုပ်ပေးရမှာဆိုလို့ ကျွန်တော့်ရဲ့ကလေးမွေးပေးဖို့ပဲကျန်တာ "
"ကောင်းမင်ထျန်း စကားတွေက တရားလွန်လာပြီနော် ဘာကလေးလဲ ဘာကိုမွေးပေးရမှာလဲ ငါက ကလေးထုတ်စက်လား မမွေးပေးနိုင်ဘူး လုံးဝမဖြစ်နိုင်ဘူး ဘယ်တော့မှပဲ နင့်မှာ.... "

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Tempat cerita menjadi hidup. Temukan sekarang