Moe yanant thin 080:
လေပြေရှိုက်နမ်းတဲ့မမရဲ့အသက်ရှူသံလေးအပိုင်း(46)
"ဝီဝီဝီ.......ဝီဝီဝီ...... "
ရုတ်တရက် ရဲကားအသံထွက်လာတာကြောင့် အားလုံးရပ်သွားကြပြီး ထိတ်လန့်သွားကြတယ် အဲ့နောက်တော့ ကောင်းမင်ထျန်းတို့ကိုကျိန်းမောင်းပြီးနောက် ကားပေါ်တက်ကာ အလျင်စလိုထွက်ခွာသွားတော့တယ်
"ကျွန်တော်တို့ကိုဘယ်သူကယ်လိုက်တာလဲ "
ကောင်းမင်ထျန်းက နှုတ်ခမ်းတို့ဖြူစုတ်လျှက်သား မူးဝေနေတဲ့အခြေအနေနဲ့ ကားဘော်ဒီကိုလှမ်းမှီလိုက်လေတယ်
မုယွမ်ယွမ်လဲ မတတ်နိုင်တဲ့အဆုံးသစ်ပင်ပေါ်ကဆင်းသွားလိုက်ပြီး ကံကောင်းထောက်မစွာ အကျိတ်မခံလိုက်ရတဲ့သူမဖုန်းကိုအပြေးအလွှားကောက်လိုက်ကာ
သူ့ဆီပြေးသွားခဲ့တယ်"ကောင်းမင်ထျန်း !"
"မုယွမ်ယွမ် ! ကျွန်တော်ကိုကယ်လိုက်တာ မင်းလား"
"အဲ့ဒါတွေအသာထားဦး ဆေးရုံအရင်သွားရအောင် "
သူမ သူ့လက်မောင်းကမလိုက်ပြီး ဒရိုင်ဘာကိုလဲအကူအညီတောင်းလိုက်ပေမဲ့ သူက ရုန်းထွက်လိုက်ကာ
"ကျွန်တော်ဆေးရုံမသွားဘူး ရှောင်ကျိုအိမ်ကိုရှောင်ဝူကိုခေါ်လိုက် "
"ဟုတ်ကဲ့ဘော့စ်"
ရှောင်ကျိုလို့ခေါ်တဲ့ဒရိုင်ဘာက သူမနဲ့အတူကောင်းမင်ထျန်းကိုတွဲပြိးနောက်ကိုပို့လိုက်တယ်
ပြီးတာနဲ့ ဒရကြမ်းမောင်းသွားတော့တာပဲ
ကားပေါ်မှာတော့ ကောင်မင်းထျန်းက သတိလစ်တချက်မလစ်တချက်နဲ့မျက်ဖြူလှန်နေပြီ
"ဒရိုင်ဘာဦးလေးကြီး မြန်မြန်မောင်းပါ ဒီမှာကောင်းမင်ထျန်းကသွေးထွက်လွန်တော့မယ် "
"ကောင်းပါပြီ"
သူမ စိုးရိမ်တကြီးနဲ့ ကောင်းမင်ထျန်းကို လှုပ်လိုက်ကာ
"ကောင်းမင်ထျန်း ကောင်းမင်ထျန်း အသိစိတ်ကိုထိန်းထား မလွတ်စေနဲ့"
ဒရိုင်ဘာက ကားကိုကျင်လည်စွာမောင်းရင်း ရှောင်ဝူလို့ခေါ်တဲ့ဆရာဝန်ဆီကိုဖုန်းဆက်နေပုံရတယ်
YOU ARE READING
(Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)
Fantasyသူမက ထက်မြက်ပြီးအချစ်ကိုနားမလည်တဲ့မိန်းကလေးတစ်ယောက် အချစ်ဆိုတာကိုသွေးသားဆန္ဒလို့ပဲနားလည်ထားတဲ့ကောင်မလေးရဲ့ဘဝထဲ ဖြူစင်တဲ့ကောင်လေးတစ်ယောက်ကမထင်မှတ်ပဲဝင်ရောက်လာခဲ့လေတယ် သူမအရင်ကသုံးခဲ့တဲ့နည်းလမ်းတွေက ဘာတခုမှအသုံးမဝင်ပဲ ဖြူစင်မူ့နဲ့ယက်လုပ်ထားတဲ့အချစ်ပ...