Extra .3

511 15 1
                                    

Extra .3.သမက်ဝမ်နှင့်ကောင်းမင်ထျန်း

"ကျွန်တော်က ဝမ်လဲ့ပါ ယွမ်အာရဲ့ချစ်သူပါ"

"......."

ကောင်းမင်ထျန်း အံဩလို့ပါးစပ်အဟလိုက်နဲ့ လုပ်လက်စတို့အားလူံးရပ်တန့်ကုန်တော့တယ်

သူသတိရလာချိန်မှာတော့ အနောက်မှာဟင်းချက်နေတဲ့မုယွမ်ယွမ်ကိုအားကြီးနဲ့အော်တေ့ာတယ်

"မ' လာပါဦးဗျာ ဒီမှာကျွန်တော်နားမလည်လို့"

မီးဖိုချောင်ထဲက မုယွမ်ယွမ်ဟာ ဒေါသတကြီးနဲ့ထွက်လာပြီး ဧည့်ခန်းထဲက အခြေအနေကိုတွေ့တဲ့အခါမှာ ရယ်ရမလိုငိုရမလိုဖြစ်သွားလေတယ်

ဘာလို့လဲဆိုတော့ သူမကိုမျက်နှာငယ်ငယ်လေးနဲ့အားကိုးရှာသလိုကြည့်လာခဲ့တယ်

"ဪ ဝမ်လဲ့လာတာကိုပြောတာလား ကျွန်မခေါ်လိုက်တာလေ သမီးလေးရည်းစားရနေပြီဆိုလို့ကြည့်ရအောင်ခေါ်လိုက်တာ"

"ဘုန်းးးးးး"

ကောင်းမင်ထျန်းမှာ စားပွဲခုံကိုလက်နဲ့အားကုန်သုံးကာ ရိုက်ပစ်လိုက်ကာ

"အခုထိအိမ်မှာကလေးလိုလုပ်နေပြီးတော့ ရည်းစားကျတော့ထားတတ်တယ်ပေါ့ဟုတ်လား မင်ယွမ်! အရမ်းကိုတော်နေတတ်နေပါလားဟမ် "

"ပါးး! "

"မပြောနဲ့! ပါးစပ်ပိတ်ထား! "

ကောင်းမင်ထျန်းစိတ်ဆိုးတာ ပထမဆုံးအကြိမ်ပဲ မုယွမ်ယွမ်မှာ ကောင်းမင်ထျန်းကို အဲ့ကလေးဟာလူကောင်းဖြစ်ကြောင်း မနဲချော့မော့ပြောနေရပြီးတာတောင် သမက်ဝမ်နဲ့တည့်မလာဘူး

"ငါ့မိန်းမနဲ့ငါ့သမီးကကမင်းဘက်မှာရှိပေမဲ့ ငါကတော့လုံးဝကို လက်မခံနိုင်ဘူးဟေ့!"

အသံကျယ်နဲ့‌ေအာ်ခဲ့ပြီး ကလေးဆိုးကြီးကောင်းမင်ထျန်းက သူ့ရတနာ‌ေလေးကိုလာခိုးတဲ့သမက်ဝမ်နဲ့တခါမှကိုမတည့်ဖူးပါလေ

အမြဲတမ်းသတ်နေကာ မျက်စောင်းနဲ့ကြည့်စမြဲပဲ

ဒါဟာ ခန မဟုတ်ပဲ အမြဲဖြစ်သွားတော့မယ်ဆိုတာသေချာလှတယ်

ဒါပေမဲ့ သမီးကမွေးတဲ့မြေးလေးကျတော့ လူတွေအလစ်မှာသွားထိန်းလိုက်ရတာနဲ့ဘာနဲ့

ရှပ်အကျင်္ ီမှာ‌ေသးစိုပြီးပေနေတာကို‌ေတွ့မှ  အားလုံးခိုးရယ်ကြတော့တယ်

......

 (Complete)လေပြေနမ်းရိှုက်သည့်မမရဲ့အသက်ရှူသံလေး (nl)Tahanan ng mga kuwento. Tumuklas ngayon