အပိုင်း (၁၆) အစီအစဉ် မအောင်မြင်ခြင်း
ချင်ချန်ခွန် အရမ်းကို အံ့အားသင့်သွားသည်။ ချင်နန်၏ လက်ထဲမှ ဆေဘာဓားသည် ကြောက်မက်ဖွယ်အော်ရာများ ထုတ်ဖော်နိုင်လိမ့်မည်ဟု သူမထင်မိခဲ့ပါ။
သို့သော် သူအလွန်နောက်ကျသွားပြီ ဖြစ်သည်။
လူအများ၏ အကြည့်များအောက်တွင် ကြီးမားပြင်းထန်သော ဓားလှိုင်းသည် ဧရာမအဖြူရောင်ကျားရဲ၏ တိုက်ခိုက်မှုကို ဖျက်စီးပစ်လိုက်သည်။
“အ"
ချင်ချန်ခွန်၏ ညည်းညူသံ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်သည်လည်း ကြိုးပြတ်သွားသော စွန်ပမာ နောက်က နံရံဆီသို့ လွင့်စင်သွားသည်။ ထိုတိုက်ပွဲ၏ ရလဒ်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့်သာ ဆုံးဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။
အစည်းအဝေးခန်းမကြီးသည် အလွန်ပင် တိတ်ဆိတ်နေပြီး လူအားလုံး၏ မျက်လုံးများသည်လည်း ပြူးထွက်တော့မယောင်။ ထိုတိုက်ပွဲသည် အလွန်ပင် တိုတောင်းလွန်းနေ၍ အိပ်မက်ပင် မက်နေရော့သလား မယုံနိုင်လောက်အောင် ဖြစ်နေသည်။ လူများအားလုံးလည်း မိန်းမောလျက် ရှိနေကြသည်။
ချင်ချန်ခွန်က တကယ်ပဲ... ၊ ချင်ကလန်ရဲ့ နံပါတ်တစ် ဂျီးနီးယပ်က တကယ်ပဲရှုံးနိမ့်သွားတာလား။
ချင်ချန်ခွန်က သူရဲ့ သိုင်းဝိညာဉ်ကို ထုတ်ဖော်ပြီးတိုက်ခဲ့တာတောင် ချင်နန်ရဲ့တိုက်ခိုက်မှု တစ်ခုကိုတောင် မခံနိုင်ခဲ့ဘူး။“ဘယ်လိုကြီးလဲ ... တကယ်ကိုမယုံနိုင်စရာပဲ"
“နန့်အာ ... မင်း"
ချင်တျန်သည် ချင်ကလန်၏ နံပါတ်တစ် ကျွမ်းကျင်သူပီပီ ဦးစွာ သတိဝင်လာသည်။ သူ၏မျက်နှာ အံ့အားသင့်မှု ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသည်။“မင်းရဲ့ ဆေဘာဓားသိုင်းက... ဒါက အလယ်အလတ်အဆင့်သိုင်းပညာ မိုးကြိုးဆေဘာဓားသိုင်းပဲ၊ ဟား... ဟား.... ဒါမှ ငါ့သားကွ .. မင်းက အချိန်တိုတိုလေးအတွင်းမှာ ဒီအဆင့်ထိရောက်အောင် လေ့ကျင့်နိုင်ခဲ့တာပဲ၊ ဒါက အမှန်တကယ် ဆေဘာအခြေခံ အဆင့်တစ် မဟုတ်သေးပေမယ့် မင်းထိတွေ့နိုင်နေပြီပဲ"
ချင်တျန်၏ ယခင်က မျှော်လင့်ချက်ကင်းမဲ့နေသော မျက်နှာမှာ ယခု ပြန်လည်ဝင်းပလာသည်။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...