အပိုင်း (၁၅၁) နဂါးတစ်ကောင် ပျံတက်သွားသကဲ့သို့လူတိုင်း၏ အကြည့်အောက်တွင် နက်မှောင်နေသော အလားအလာကျောက်တုံးသည် အလင်းတစ်ခုထွက်ပေါ်လာတော့မည် သကဲ့သို့ စတင်တုန်ခါလာသည်။
သို့သော်လည်း တဒင်္ဂမျှ ကြာသည့်အချိန်တွင် အလားအလာကျောက်တုံးသည် ပြန်လည်တည်ငြိမ်သွားသည်။ ဧကရာဇ်အလင်းပင် ထွက်ပေါ်လာခြင်း မရှိပေ။
ထိုအချိန်တွင် ဆောင်းဦးတောင်တစ်တောင်လုံးသည် အသံ တစ်သံမျှ မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက် နေသည်။သိုင်းကံကြမ္မာနန်းဆောင်၏ အတွင်းထဲတွင် တဒင်္ဂမျှ တိတ်ဆိတ်သွားပြီးနောက် ဟောင်ရွှဲသည် လှောင်ရယ် ရယ်လိုက်ပြီး
“ဟီး...ဟီး...မင်းက ရလဒ်ကို သိပြီးတာတောင် အရှုံးမပေးခဲ့ဘူး...အခု မင်းမသန်မစွမ်းမဖြစ်ချင်ဘူးဆိုရင်တောင် ဘယ်သူမှ လာကယ်နိုင်မှာ မဟုတ်တော့ဘူး"ဝေဟောင်းနှင့် ၀မ်ရောင်လင်းသည် ချင်နန်ကို အထင်သေးစွာကြည့်လိုက်ကြသည်။
ယခင်က သူတို့သည် ချင်နန်၏ နောက်ခံကို ကြောက်ရွံ့ခဲ့ကြသည်။ သို့သော်လည်း ယခုအချိန်တွင် ချင်နန်သည် အမှိုက်တစ်စ ဖြစ်သွားပြီ ဖြစ်သောကြောင့် ချင်နန်ကို အချိန်ဖြုန်းပြီး စကားပြောချင်စိတ်ပင် မရှိကြပေ။ဟောင်လုံတို့ လူစုသည် သူတို့၏စိတ်ထဲတွင် စိတ်ပျက်ခြင်းများ ဖြစ်ပေါ်နေသည်။ ထို့နောက် သူတို့၏ ဦးခေါင်းများကို တစ်ခြားဘက်သို့ လှည့်လိုက်ကြသည်။ ချင်နန် မသန်မစွမ်း ဖြစ်သွားတော့မည်ကို မမြင်တွေ့လိုသောကြောင့် ဖြစ်သည်။
ချင်နန်သည် စိတ်ဝိညာဉ်ဂိုဏ်းအတွင်း၌ သုံးလအတွင်း သူ၏ နာမည်ကို လူတိုင်းသိအောင် စွမ်းဆောင်နိုင်ခဲ့သည်။
ချင်နန်သည် သူ့ထက်သာလွန်သော ဂျီးနီးယပ်များကို ဆန့်ကျင်တိုက်ခိုက်ကာ အံ့ဖွယ်ကိစ္စများ ပြုလုပ်ခဲ့သည်။
ထိုသို့သော လူသည် သူတို့၏ ရိုသေလေးစားမှုကို ရရှိခဲ့သော်လည်း သူသည် စိတ်လွတ်သွားကာ မှားယွင်းသောဆုံးဖြတ်ချက် ချခဲ့သည်။ သူသည် မသန်မစွမ်း ဖြစ်သွားတော့မည်ဖြစ်သည်။ထိုစဉ်တွင် ဆောင်းဦးတောင်ထိပ်၌ တိတ်ဆိတ်နေကြစဲပင် ရှိနေကြသေးသည်။
ESTÁS LEYENDO
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Aventuraလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...