၁၉၆ - ၂၀၀

726 54 0
                                    


အပိုင်း (၁၉၆) နာမည်မေးခြင်း

     သုံရွယ့်ဟောင်သည် ဟွှာအဆင့်ခုနှစ်သိုင်းဝိညာဉ်သာ ပိုင်ဆိုင်ထားသော်လည်း သူသည် သုံကလန်ခေါင်းဆောင်၏ သားဖြစ်သောကြောင့် လူတိုင်း သူ့အကြောင်းကို ကြားဖူးကြသည်။
     သုံရွယ့်ဟောင်နှင့် အခြားသုံကလန်သားများ ကြက်သေ သေသွားကြသည်။
     သူက သုံရွယ့်ဟောင်ကို မသိဘူးပေါ့...
     ဒီကောင်က အခြားကလန်သုံးခုက မဟုတ်ဘူးလား...

    သုံရွယ့်ဟောင်သည် အလျင်အမြန်သတိပြန်၀င်လာပြီး ချင်နန်ကို ကြည့်ကာ ခက်ထန်သောအသံဖြင့် ပြောလိုက်သည်။
     “မင်းက ဘယ်သူလဲ...လောင်ဂူးတောင်တန်းကို မဟာကလန်လေးခုက ပိတ်ဆို့ထားတယ်ဆိုတာ မင်းမသိဘူးလား...ဘယ်သူမှ ၀င်ရောက်ခွင့်မရှိဘူး...အခု မင်းရဲ့ကျူးကျော်မှုက မဟာကလန်လေးခုကို စိန်ခေါ်လိုက်တာပဲ"
  
     ထိုအချိန်၌ သုံရွယ့်ဟောင်၏ မည်းမှောင်နေသော မျက်နှာထက်တွင် ဒေါသထွက်သည့် အရိပ်ယောင်များ ဖြစ်ပေါ်လာပြီး ချင်နန်၏ သတိပေးမှုကို လုံး၀လျစ်လျူရှုလိုက်သည်။

     ချင်နန်သည် အေးဆေးစွာပင် ကြည့်လိုက်ပြီး
     “ ဒီလောင်ဂူတောင်‌တန်းက သဘာ၀အလျောက်ဖြစ်ပေါ်လာတဲ့ဟာကို မင်းတို့မဟာကလန်လေးခုက သိမ်းပိုက်နိုင်ဖို့ အခွင့်အရေးရှိလို့လား...ငါဘယ်သူဘယ်ဝါဆိုတာ မင်းသိခွင့်မရှိဘူးလို့ ငါပြောပြီးပြီ"

     သုံရွယ့်ဟောင်နှင့် အခြားသူများအားလုံး အလွန်အံ့အားသင့်သွားကြသည်။

    အရမ်းမောက်မာတယ်...

    ဒီကောင်က အရမ်းမောက်မာလွန်းတယ်...

    မဟာကလန်လေးခုက သိမ်းပိုက်နိုင်ခွင့် မရှိဘူးလား...

     အကယ်၍ အတွေ့အကြုံရင့်ကျက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ပါက ထိုလူငယ်၏ စကားကြောင့် ထိုလူငယ်အား သတိထားလိမ့်မည်ဖြစ်သည်။
     သို့သော်လည်း သုံရွယ့်ဟောင်သည် သုံကလန်ခေါင်းဆောင်၏ သားတစ်ယောက်အနေဖြင့် ငယ်စဉ်ကတည်းက အလိုလိုက် အကြိုက်ဆောင်ခံခဲ့ရပြီး အပြင်လောကနှင့်ပတ်သက်၍ အတွေ့အကြုံသိပ်မရှိပေ။ ထို့ကြောင့် ထိုလူငယ်၏ စော်ကားသောစကားများကို ထပ်ကြားရသောအခါ နဖူးကြောကြီးများ ထောင်လာပြီး ဒေါသမီးတောက်များ တောက်လောင်လာသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now