၇၁၆ - ၇၂၀

595 56 1
                                    


အပိုင်း (၇၁၆) ကုန်သွယ်ရေးမဟာမိတ်၏ ပေါက်ကွဲမှုများ

     ချင်နန်သည် ကောင်းကင်ဖြိုဖျက်ခြင်းဆေဘာကို ဆုပ်ကိုင်ကာ  ဆွဲထုတ်လိုက်သည်။

    ချွင်…

    ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အသံတစ်သံကို ကြားလိုက်ရသည်။

     ဆေဘာမှ ကြောက်မက်ဖွယ်‌ရာအော်ရာတစ်ခု ထွက်ပေါ်လာသည်။ ရုတ်တရက် သာမန်ပုံစံဆေဘာသည် ကမ္ဘာကြီးထဲရှိ ဆေဘာများအားလုံးထဲတွင် အစွမ်းထက်ဆုံးဆေဘာဖြစ်သကဲ့သို့ ဖြစ်သည်။

    ၎င်း၏ စွမ်းအားကို မည်သည့်အရာနှင့်မျှ မနှိုင်းယှဉ်နိုင်ပေ။
    တစ်ချိန်တည်းမှာပင် ချင်နန်၏ အော်ရာသည် လျင်မြန်စွာ သန်မာလာသည်။

   ဘန်း…ဘန်း…ဘန်း…

    ထို့နောက် ထိတ်လန့်ဖွယ်ရာပေါက်ကွဲမှုများ ဖြစ်ပွားသွားပြီး အတားအဆီးထဲမှ ရတနာပစ္စည်းများအားလုံးသည် ချင်နန်၏ အထက်သို့ ပျံသန်းလာသည်။

     မျက်‌တောင်တစ်ခတ်အတွင်းမှာပင် သူတို့အားလုံး ပေါင်းစည်းသွားသည်။
    ရတနာပစ္စည်းများသည် ကမ္ဘာကြီးကို တိုက်ခိုက်ရန် အမိန့်ကိုစောင့်နေသော စစ်မြေပြင်မှ စစ်သည်များပမာပင် ဖြစ်သည်။

     ‌ယနေ့တွင် အရှေ့ပိုင်းတိုက်ကြီး၏ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်ပွားလာတော့မည်ဖြစ်သည်။
    ကြယ်တစ်ပွင့်ပမာ မြင့်တက်လာခဲ့သော ဂျီးနီးယပ်တစ်ယောက်သည် လွန်ခဲ့သော နှစ်ထောင်ကျော်ကတည်းက တည်ရှိခဲ့သည့် အဖိုးတန်ရတနာကို ပိုင်ဆိုင်ကာ ရတနာပစ္စည်းတစ်သိန်းကျော်ကို ထိန်းချုပ်နိုင်ခဲ့သည်။
    နှစ်အနည်းငယ်ကြာပြီးနောက် အသက်ရှင်ကျန်ရစ်ခဲ့ကြသော လူများသည် ထိုနေ့က လူငယ်သည် လူအုပ်ကြီး၏ မီးပြတိုက်တစ်ခုဖြစ်ခဲ့ကြောင်းကို မှတ်မိနေကြဆဲဖြစ်သည်။ ရေခဲတောင်သုံးဆယ့်ခြောက်တောင်နှင့် အာဏာပိုင်များပင် သူ၏ ရှေ့၌ အရေးမပါခဲ့ကြပေ။

     ဤလူငယ်၏ နာမည်မှာ သွမ့်ချင်းဖြစ်သည်။

     “ဒါ..."
    ဂိုဏ်းခေါင်းဆောင်ဝမ်တာအို၊ ကုန်သွယ်ရေးမဟာမိတ်ခေါင်းဆောင်အပါအဝင် ရှိသမျှ လူများအားလုံး ဟာလာဟင်းလင်းမျက်နှာထားများဖြင့် ရှိနေကြသည်။
    တစ်စုံတစ်ယောက်သည် အဖိုးတန်ရတနာကို ပိုင်ဆိုင်လိမ့်မည်ဟု သူတို့ လုံးဝမထင်ထားခဲ့ပေ။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Unde poveștirile trăiesc. Descoperă acum