၄၁၁ - ၄၁၅

819 59 0
                                    


အပိုင်း (၄၁၁) ယန်ထိုင်ထျန်
  
     လူအုပ်ကြီးသည် ထူးဆန်းစွာဖြင့် မုလုံရှန်ကို ကြည့်လိုက်ကြသည်။

    မင်းက ချင်နန်ကို ပိတ်ပင်ဖို့ မကြိုးစားခဲ့ဘူးလား...

    မင်းက ချင်နန်ကို အထင်မသေးခဲ့ဘူးလား...

    အခု ဘယ်လိုလဲ...

    မုလုံရှန်၏ မျက်နှာတောင့်တင်းနေသည်။ လူအုပ်ကြီး၏ အကြည့်များသည် သူ၏ မျက်နှာကို ဓားများဖြင့်မွှန်းနေသည်ဟု ခံစားနေရပြီး သူ၏ မျက်နှာပူထူနေသည်။

    “အဟမ်း...အဟမ်း..ဂျူနီယာညီငယ်ချင်နန်က ဒီလိုထူးခြားတဲ့ တိုက်ပွဲစွမ်းအားပိုင်ဆိုင်ထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး...ဂျူနီယာညီငယ် တောင်ဆယ့်ခြောက်တောင်ပြိုင်ပွဲကြီးမှာ မင်းအများကြီး စွမ်းဆောင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်..."
     မုလုံရှန်သည် အလွန်ကိုးရိုးကားရားဖြစ်နေပြီး စကားလုံးများကို ကြိုးစား၍ ညှစ်ပြောကာ ထွက်ပြေးသွားသည်။ သူ ဤနေရာတွင် မည်သို့မျှ ဆက်မနေနိုင်တော့ချေ။

     “အရမ်းမိုက်တယ်"
     ဖန်းကျန်၏ မျက်နှာထက်၌ ကျေနပ်အားရသော အပြုံးတစ်ခုဖြစ်ပေါ်နေသည်။

    ချင်နန်၏ စွမ်းရည်သည် အလွန်အံ့ဩဖွယ်ရာကောင်းကြောင်းကို သူဝန်ခံရလိမ့်မည်ဖြစ်သည်။ သူသည် ဤမျှအထိအစွမ်းထက်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
   ကျင့်ကြံသူလူအုပ်ကြီးသည် ချင်နန်အား မည်သို့မျှ ပြဿနာမရှာရန် တစ်ဦးနှင့် တစ်ဦး သတိပေးလိုက်ကြသည်။

     “အခု မုလုံရှန်က ကိုယ်ရောင်ပြသွားပြီဆိုတော့ သိပ်မကြာခင်မှာ သူ့ရဲ့ နောက်ကလူတွေနဲ့ ရင်ဆိုင်ရတော့မယ်နဲ့ တူတယ်"
    ချင်နန် တစ်ကိုယ်တည်းရေရွတ်လိုက်သည်။ သူ၏ အတွေးများသည် ရေတစ်အိုင်ကဲ့သို့ ငြိမ်သက်နေသည်။

    ထို့နောက် သွမ့်မုတောင်၏ ဒိုဂျိုရှိ ကျင့်ကြံသူများသည် တစ်ယောက်နှင့်တစ်ယောက် အုတ်အုတ်ကျက်ကျက်စကားပြောနေကြပြီး ချင်နန်သည် အကွယ်တစ်နေရာ၌ ရပ်နေသည်။

     ဘန်း...

    ထိုအချိန်၌ ကျယ်လောင်သော ပေါက်ကွဲသံကြားလိုက်ရပြီး ချောင်းမူတောင်မှ သံတမန်များနှင့် ကျင့်ကြံသူများ ရောက်ရှိလာကြသည်။ သူတို့ထဲတွင် ဆွဲဆောင်မှုရှိသော မျက်နှာ၊ ဖြူသော အသားအရေ၊ စွဲမက်ဖွယ်ရာ ကောင်းသော ခန္ဓာကိုယ်နှင့် ထူးခြားသော အော်ရာပိုင်ဆိုင်ထားသည့် အသက်တစ်ဆယ့်ခြောက်နှစ်ဝန်းကျင်တွင်ရှိသော မိန်းကလေးတစ်ယောက်သည် လူအုပ်ကြီး၏ အာရုံကို ချက်ချင်းဆွဲဆောင်သွားသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now