အပိုင်း ၃၅၁ - ၃၅၅

722 58 0
                                    


အပိုင်း (၃၅၁) ဒုတိယအကျော့(ဝါ)ဒုတိယအဆင့်ပြိုင်ပွဲ

      လူတိုင်း၏ ကျင့်ကြံမှုအား ရှင်တန်အထွတ်အထိပ်အဆင့်သို့ ကန့်သတ်ထားချိန်တွင် ထူးချွန်သော ဂျီးနီးယပ်အနည်းငယ်သာ ပြိုင်ဘက်သုံးယောက်အား တစ်ပြိုင်တည်းရင်ဆိုင်နိုင်သည်။ ရူးသွပ်ချင်စရာကောင်းသည့် ဂျီးနီးယပ်များသာ တစ်ပြိုင်တည်း ပြိုင်ဘက်ငါးယောက်ကို ရင်ဆိုင်နိုင်ပေသည်။

      ဒါပေမဲ့ ဒီအခြေအနေကကော...

      အသက်ရှစ်ဆယ်ရှိုက်အတွင်းမှာပင် ချင်နန်သည် တစ်ယောက်ချင်းစီတိုင်း အတော်အတန်အစွမ်းထက်ကြသည့် ရှင်တန်အထွတ်အထိပ်အဆင့် ဂျီးနီးယပ်ငါးဆယ်ကျော်ကို အနိုင်ယူခဲ့သည်။ တစ်နည်းဆိုရပါက ပြိုင်ဘက်တစ်ယောက်အား အနိုင်ယူရန် သူအသက်တစ်ရှိုက်ကျော်သာ အသုံးပြုခဲ့ခြင်းဖြစ်သည်။

      ဒီသွမ့်ချင်းက ရှင်တန်အထွတ်အထိပ်အဆင့်ကော  ဟုတ်ရဲ့လား...

      “မဖြစ်နိုင်ဘူး"

      “ချေးပဲ...သိုင်းဧကရာဇ်အဆင့်ငါးကျင့်ကြံသူတောင် ဒီလိုမလုပ်နိုင်ဘူး"

      “ဒီသွမ့်ချင်းရဲ့ ကျင့်ကြံမှုက အကန့်အသတ်မခံထားရဘူးလား"

      “........."

      ကျင့်ကြံသူများမှာ အံ့ဩတုန်လှုပ်နေရာမှ ချက်ချင်းပင် သတိပြန်ဝင်လာပြီး ကျန့်ခွာကို ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များနှင့် ပြည့်နှက်နေသည်။

      ကျန့်ခွာ အပြင်းအထန်တုန်လှုပ်သွားသည်။ သွမ့်ချင်း၏ ကျင့်ကြံမှု ကန့်သတ်မခံထားရသည်မှာ လုံးဝသိသာပေသည်။ သို့မဟုတ်ပါက သူဤကဲ့သို့ စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပေ။
    ရုတ်တရက် ကျန့်ခွာသည် ပြိုင်ပွဲမစမီတွင် သွမ့်ချင်းမေးခဲ့သည့် မေးခွန်းအား သတိရသွားသည်။ ယခုအချိန်တွင် ထိုအကြောင်းစဉ်းစားရန် အချိန်ရသွားပြီဖြစ်၍ သူ၏ ရှေ့မှ ထိုအဖြစ်အပျက်သည် သူ၏ မျက်နှာအား ခပ်ပြင်းပြင်းဖြတ်ရိုက်သလိုပင်  ပူထူသွားသည်။

      သူက ဘဝင်မြင့်ဖို့ ကြိုးစားနေတာမဟုတ်ဘူးလား...

      သူက လက်မည်းမြို့ရဲ့ ကျင့်ကြံမှုအဆင့် ကန့်သတ်ခြင်းကို ကျော်လွှားနိုင်တယ်ပေါ့...

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now