အပိုင်း ၁၂၁ - ၁၂၅

794 68 2
                                    


အပိုင်း(၁၂၁)လမ်းခင်းပေးခြင်း

     ထိုအချိန်တွင် တပည့်အုပ်ကြီးသည် အလွန်အကျွံဒေါသထွက်လာကြသည်။
     “ဒါက ဟာသပဲ...သူတို့က ချင်နန်နဲ့ မို့ဇူရှန်ကို တိုက်စေချင်နေတာ ထင်ရှားတယ်၊ ကျားနှစ်ကောင် တိုက်ခိုက်ကြရင် တစ်ကောင်တော့ အထိနာမှာပဲ"

     “ဘာလားကွာ ဒီအပြင်နယ်မြေပြိုင်ပွဲက စည်းကမ်းတွေမရှိတော့ဘူးလား"

     “ငါနောက်ဆုံးတော့ အရှက်မဲ့တယ်ဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပါယ်ကိုငါဒီနေ့နားလည်သွားပြီ"

     ........

     တပည့်များသည် နန်းဂွန်ချန်ကို အပြစ်တင်ရင်း ပထမအကြီးအကဲကြီး ချန်ပေါင့်ကို သွယ်ဝိုက်ကာ ဝေဖန်နေကြသည်။
    
     ထိုစကားများကြားသောအခါ ချန်ပေါင်သည် သူ၏ခုံမှ ထလိုက်ကာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး
     “ငါကဂိုဏ်းရဲ့စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်နေတာပဲ၊ မင်းတို့ထဲက ဒီကိစ္စကိုမကျေနပ်တဲ့သူရှိရင် ငါရှေ့ကိုလာခဲ့လိုက်၊ မဟုတ်ရင် အပိုစကားတွေပြောပြီး အချိန်ဖြုန်းမနေကြနဲ့၊ နောက်ထပ် သွားပုပ်လေလွင့် ဆက်ပြောနေတာကိုငါကြားရင် အဲ့ဒီ့လူကို ငါ့လက်နဲ့ ကိုယ်တိုင်ဆုံးမမယ်"

      ထိုစကားကြားသောအခါ တပည့်များသည် သူတို့၏ ခေါင်းပေါ်တွင် ဓားကြီးတစ်ချောင်းဖြင့် ချိန်ရွယ်ထားခံရသလို ခံစားလိုက်ရပြီး သူတို့၏မျက်နှာအမူအရာ အကြီးအကျယ်ပြောင်းလဲသွားသည်။
     ချန်ပေါင်၏ အာဏာ‌အောက်တွင် သူတို့၏ဒေါသများချုပ်တည်းထားရန်သာ တတ်နိုင်ခဲ့သည်။

     တပည့်အုပ်ကြီးထဲမှ ချင်နန်တစ်ယောက်သာလျှင် ဘာမှခံစားရပုံမရဘဲ စင်ပေါ်သို့ ခုန်တက်လိုက်သည်။
    
     ထို့နောက် မို့ဇူရှန်သည်လည်း စင်ပေါ်သို့ရောက်ရှိလာသည်။
     မို့ဇူရှန်သည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ခါးတွင် တံဆိပ်တစ်ခုကိုချိတ်ဆွဲထားကာ သူ၏လက်ထဲတွင် ယပ်တောင်တစ်ချောင်းကို ကိုင်ထားသည်။ သူ၏ပုံစံသည် ယဉ်ကျေးသိမ်မွေ့ပုံ ပေါက်သော်လည်း သူ၏ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသောအော်ရာမှာ ရှင်တန်တစ်ဝက် အဆင့်ကိုရောက်ရှိနေပြီ ဖြစ်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora