၃၁၆ - ၃၂၀

663 60 0
                                    


အပိုင်း (၃၁၁) အဖျားချွန်ဓားပြားကြီး

     “အဟွတ်...အဟွတ်...ငါတို့ ယှဉ်ပြိုင်စရာမလိုဘူးလို့ထင်ပါတယ်...ဟုတ်တယ်မလား"
    ဖန်းကျန် ချောင်းဆိုးလိုက်၏။

    “ဘာလို့လဲ..."
    ဖေးရန်မြင့်မြတ်နေရာမှ သံတမန်သည် ဖန်းကျန်၏ ရှောင်တိမ်းလိုသော အရိပ်အယောင်ကို တွေ့မြင်ရသည့်အခါ လှောင်သံဖြင့်ပြောလိုက်သည်။
    “ဒါက ချစ်ကြည်ရေးယှဉ်ပြိုင်မှုပဲလေ...ဘာလဲ မင်းရှုံးမှာ ကြောက်နေတာလား"

     မင်းရှုံးမှာ ကြောက်နေတာလား...

    ဖန်းကျန်၏ မျက်နှာအေးစက်သွားကာ ပြောလိုက်သည်။
    “မင်းနားလည်မှုလွဲနေတာပဲ...ငါ့ရဲ့ အမြင်အရ လန်အောထျန်က မြင့်မားတဲ့ ပါရမီနဲ့ တောက်ပတဲ့ အနာဂတ်ရှိတယ်...ဒါကြောင့် သူရှုံးနိမ့်ပြီး နောက်တစ်ကြိမ် မနှစ်ကလို စိတ်ဒဏ်ရာရသွားမှာ ငါမမြင်ချင်ဘူး"

    ထိုစကားများကြားရသည့်အခါ ကျန်းဟွမ်နှင့် ဖေးရန်မြင့်မြတ်နေရာမှ သံတမန်တို့နှစ်ဦးလုံး ကြက်သေ သေသွားကြသည်။

    စိတ်ဒဏ်ရာရသွားမယ်...

    ဖန်းကျန်က တကယ်ကြီး လန်အောထျန် ရှုံးနိမ့်မယ်လို့ ထင်နေတာလား...

    ဖေးရန်မြင့်မြတ်နေရာမှ သံတမန်၏ နှလုံးသားထဲတွင် ဒေါသမီးတောက်များ တောက်လောင်လာကာ ပြောလိုက်သည်။
    “ဖန်းကျန် အရမ်းမမောက်မာနဲ့..လန်အောထျန် သေချာပေါက် တတိယအဆင့်စမ်းသပ်မှုမှာ အနိုင်ရလိမ့်မယ်...တကယ်လို့ သူရှုံးသွားရင် ငါမင်းကို အာကိန်းတုံးငါးသောင်းပေးမယ်...သူနိုင်သွားရင် မင်းငါ့ကို အာကိန်းတုံးငါးသောင်းပြန်ပေးမှာလား"

     သူတို့၏ အနီးတွင်ရှိနေသော အာဏာပိုင်များ အံ့အားသင့်သွားကြသည်။ အာကိန်းတုံးငါးသောင်းသည် အလွန်များပြားသည့် ပမာဏဖြစ်သည်။

    “ငါမလောင်းချင်ဘူး"
     ဖန်းကျန်သည် သူ၏ ဘေးမှ ချင်နန်ကို ကြည့်လိုက်ပြီးနောက် ချင်နန်၏ အော်ရာတည်ငြိမ်သွားသည်ကို သတိပြုမိသွားကာ အေးဆေးတည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now