အပိုင်း (၆၁၁) စစ်နတ်ဘုရား၏ အမျက်ဒေါသကောင်းကင်အရိုအသေပေးပွဲသည် တစ်စပြင်တစ်ခု အလား တိတ်ဆိတ်နေ၏။
ကျိုးပိဟွှာ၊ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံဘုရင်၊ လင်ဖန်းရှောင်၊ တိဖန်းယွင်၊ တတိယမင်းသားနှင့် လူများအားလုံးသည် ဟာလာဟင်းလင်း မျက်နှာထားဖြင့် သူတို့၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကြသည်။
လေထုထဲမှ သွေးတောင်ပံဗာမီလီယံငှက်နှင့် နိုင်ငံကာကွယ်သူလိပ်နက်တို့သည်လည်း ကြက်သေသေသွားကြသည်။
သူဒါကို ငြင်းပယ်ခဲ့တယ်...
သွမ့်ချင်း ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်...
၎င်းသည် ‘ဒီ'အဆင့်သိုင်းဝိညာဉ်ဖြစ်ကာ သိုင်းဘီဘင်အဆင့်ကို ရောက်ရှိရန် အခွင့်အရေးရှိပေသည်။
ပုံမှန်အားဖြင့် ကန်းလန်တိုက်ကြီး၏ သိုင်းဝိညာဉ်ကန့်သတ်ချက်ကြောင့် အဆင့်မြင့်သော သိုင်းဝိညာဉ်မရှိဘဲ ဒဏ္ဌာရီအဆင့်များကို ရောက်ရန် မဖြစ်နိုင်ပါ။ တစ်ခုတည်းသော နည်းလမ်းမှာ သူတို့၏ သိုင်းဝိညာဉ်ကို ဖျက်ဆီးပြီး အသစ်တစ်ခု ရရှိခြင်းအားဖြင့် သူတို့၏ ကံကြမ္မာကို ပြောင်းလဲခြင်းဖြစ်သည်။ သို့ရာတွင် ဤကဲ့သို့ အခွင့်အရေးမှာ မယုံနိုင်လောက်အောင် ရှားပါးလွန်းလှသည်။
လက်ရှိ၌ သွမ့်ချင်းသည် တိဖန်းယွင်နှင့် ကောင်းကင်ကျားဖြူတို့ ရူးသွပ်နေသည့် အခွင့်အလမ်းကို ရရှိခဲ့သော်လည်း သူ ငြင်းပယ်ခဲ့သည်။
“မင်းက မလိုချင်ဘူးလား...ဘာကြောင့်လဲ"
ကွယ်လွန်သူဧကရာဇ်မင်း စိတ်ဝိညာဉ်၏ အသံသည် အေးစက်နေသည်။ အစက လူငယ် ပျော်ရွှင်သွားလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။
မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကမ်းလှမ်းမှုကို ငြင်းပယ်ခြင်းသည် အဓိပ္ပာယ်မရှိပေ။“ဟုတ်ကဲ့"
ချင်နန်သည် လေးနက်တည်ကြည်သော အသံဖြင့် ပြောလိုက်သည်။
“စီနီယာ ကျွန်တော် ကျွန်တော့်ရဲ့ သိုင်းဝိညာဉ်ကို မစွန့်လွှတ်နိုင်ဘူး"
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...