၁၆၁ - ၁၆၅

756 75 0
                                    


အပိုင်း (၁၆၁)ငါ ဒီအချိန်ကိုစောင့်နေခဲ့တာကြာပြီ

     ထိုစဉ်အတောအတွင်း ဆောင်းဦးတောင်ထိပ်၌...

     ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံသူများသည် သိုင်းကြေးမုံကို စိတ်လှုပ်ရှားစွာကြည့်နေရင်း တစ်ယောက်နှင့် တစ်ယောက် ဆွေးနွေးနေကြသည်။
     “ကြည့်လိုက်ဦး...ဟောင်ရွှဲက ဝေဟောင်းထက် သာလွန်တယ်ဟ...သူစုပ်ယူတဲ့ ချီစွမ်းအင်ပမာဏက ဝေဟောင်းထက် ပိုများတယ်"

     “စောက်ရူး မင်းမို့လို့ ဟောင်းရွှဲက ဝေဟောင်းထက် သာလွန်တယ်လို့ပြောနေတယ်"

     “ဟား...ဟား...ဟား... ဝေဟောင်းနိုင်မှာကွ ငါသူ့ကို ရှန်းရွှင်ဆေးလုံးသုံးသောင်းလောင်းထားတယ်"

     ........

     ရက်စက်ကြမ်းကြုတ်သော ကျင့်ကြံသူများနှင့် အကြီးအကဲများအပါအ၀င် ဆောင်းဦးတောင်ထိပ်ရှိလူတိုင်းသည် ဝေဟောင်းနှင့် ဟောင်ရွှဲကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
     တတိယအဆင့်ပြိုင်ပွဲသည် ထိုနှစ်ယောက်အတွက် အထူးပြိုင်ပွဲတစ်ခု ဖြစ်ပုံရသည်။
     ဂျီးနီးယပ်များသာ ချင်နန်ကို လျစ်လျူရှု့ထားကြသည်မဟုတ်ဘဲ လူအုပ်ကြီးသည်လည်း ချင်နန်ကို မေ့နေကြသည်။

     ထိုအချိန်၌ သိုင်းကံကြမ္မာနန်းဆောင် တတိယထပ်တွင်...

     တိတ်ဆိတ်စွာနေခဲ့သော ချင်နန်သည် နောက်ဆုံးတွင် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ဂူအတွင်းမှ နောက်ဆုံးကျန်ရှိနေသော နေရာထိုင်ခင်းတစ်ခုပေါ်သို့ အေးဆေးတည်ငြိမ်စွာ လျှောက်လှမ်းသွားသည်။

     သူ၏ ရုတ်တရက်လှုပ်ရှားလာမှုသည် ချက်ချင်းပင် ဝေဟောင်းနှင့် ဟောင်ရွှဲတို့၏ အာရုံကို ဖမ်းစားသွားပြီး နှစ်ဦးလုံး သူတို့၏ ချီစွမ်းအင် စုပ်ယူမှုနှုန်းကို အနည်းငယ် လျှော့ချလိုက်သည်။

     “ဟား...ဟား...ဟား..."
     ဟောင်ရွှဲသည် ပထမဦးစွာရယ်မောလိုက်ပြီး စတင်လှောင်ပြောင်လိုက်သည်။
     “ချင်နန်...ဘာဖြစ်လို့လဲ...မင်းက ၀င်ပြိုင်ဖို့ ကြိုးစားနေတာလား...မင်းရဲ့ ဟွှာအဆင့်ရှစ် သိုင်းဝိညာဉ်လောက်နဲ့ ဘာအခွင့်အရေးမှ ရှိမှာမဟုတ်ဘူး...ဒါကြောင့် မင်း ဘေးထွက် ထိုင်နေသင့်တယ်...မင်း ဒီဂူထဲက ဘာချီစွမ်းအင်ကိုမှ စုပ်ယူနိုင်မှာမဟုတ်ဘူး"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Où les histoires vivent. Découvrez maintenant