၆ မှ ၁၀

1.5K 107 1
                                    


အပိုင်း (၆) လောင်ဂူးတောင်တန်း
 
      နောက်ရက်အနည်းငယ်ကြာသည်ထိ ချင်နန်သည် ကျင့်ကြံခြင်း၌သာ သူ့စိတ်ကို နှစ်မြုပ်ထားသည်။
   
       နတ်ဘုရား သိုင်းဝိညာဉ်သည် သူ၏ ကျောဘက်မှပေါ်ထွက်လာပြီး ‌တဖြေးဖြေး ဖြန့်ကျဲလာကာ ကောင်းကင်နှင့်  ကမ္ဘာမြေကြီးမှ ချီစွမ်းအင်များကို စုပ်ယူနေသည်။ ချီစွမ်းအင်များသည် ကြီးမားသော စွမ်းအင်းလှိုင်းကြီးနှစ်ခုပမာ တွန့်လိန်လှည့်ပတ်လျှက် သူ၏ ခန္ဓာကိုယ်တွင်းသို့ စီးဝင်နေသည်။
      နတ်ဘုရားသိုင်းဝိညာဉ်သည် ဟွှာအဆင့်ခုနှစ်သိုင်းဝိညာဉ် အဆင့်သို့ရောက်ရှိလာပြီး  သူသည် ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်နှစ်သို့ရောက်ရှိခဲ့သည်။
      ထိုသို့ဖြစ်လင့်ကစား ချင်နန်သည် ထိုခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်သုံးကိုပါ ချိုးဖျက်နိုင်ရန် သုံးရက်လုံးလုံး ကျင့်ကြံနေသည်။
     
      “ခန္ဓာကိုယ်သန့်စင်ခြင်း
      “ဒါက အဆင့် ဆယ်ဆင့်ရှိတယ်
      “နောက်ထပ်အဆင့်တွေကို ချိုးဖျက်ဖို့က ပိုပြီးခက်ခဲလာမယ်
      “ချီစွမ်းအင်လည်း ပိုလိုအပ်လာမယ်"
   
      “ ငါ့မှာ နတ်ဘုရားသိုင်းဝိညာဉ် ရှိနေပြီပဲ
      “ငါ ဇွဲလုံ့လတွေ အားသွန်ခွန်စိုက်ပြုပြီး မနားမနေ ကြိုးစားရမယ်"
   
       ချင်နန်သည် ထိုသို့ ခိုင်မာသော ယုံကြည်ချက်များချမှတ်ကာ ကျင့်ကြံခြင်း အပေါ် နောက်တဖန် စိတ်အာရုံကို ပြန်လည်နှစ်မြုပ်လိုက်သည်။ သူ၏ သိုင်းဝိညာဉ်သည် စွမ်းအားကောင်းသော်လည်း ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်သုံးကိုတော့ ချိုးဖျက်နိုင်ရန် မလွယ်ကူသေးပေ။
    
      ... ... ... ...

     ချင်ကလန်၏ ညီလာခံခန်းမကြီးထဲတွင် ချင်တျန်သည် ခရမ်းရောင်ဖျော့ဖျော့ သားမွေးဝတ်ရုံကို ဝတ်ဆင်လျက် ခေါင်းဆောင်နေရာထိုင်ခုံ၌ ထိုင်နေသည်။ သူ၏ စွမ်းအားအရှိန်အဝါ တို့သည်လည်း ခမ်းနားစွာထွက်ပေါ်နေသည်။
      ချင်တျန်၏ အောက်နားတွင် အဘိုးအိုကြီး သုံးဦးထိုင်နေသည်။
     ထိုအဘိုးအိုသုံးဦးသည် ချင်ကလန်၏ခေါင်းဆောင်ပိုင်းမှ ကလန်အကြီးအကဲများဖြစ်ပြီး ရွှေရောင်တောက်တောက်နှင့် ဖဲပွင့်အစင်းဝတ်ရုံများ ဆင်မြန်းထားသည်။
     အဘိုးအိုသည် ညီလာခံခန်းမထဲသို့ ဝင်လာကတည်းကပင် ချင်တျန့်ကို တချက်မကြည့်ပဲ စိတ်မအီမသာဖြစ်‌နေသည်။
     ထိုလူကြီးသည် ချင်ချန်ခွန်၏ဖခင် ချင်ကလန်၏ ပထမအကြီးအကဲ ချင်ထျန်ပ ဖြစ်သည်။
      ချင်ထျန်ပ၏ နောက်မှ လူကြီးနှစ်ယောက်သည် ကလန်၏ ဒုတိယအကြီးအကဲနှင့် တတိယအကြီးအကဲတို့ ဖြစ်ကြသည်။
      ချင်ထျန်ပအပါအဝင် ထိုလူကြီး နှစ်ဦးလုံးပင်လျှင် ချင်ကလန်၏ အရေးပါသော အကြီးအကဲများပင်ဖြစ်သည်။
     ချင်တျန်နှင့် ချင်ထျန်ပတို့၏ မျက်နှာရိပ် မျက်နှာကဲကိုကျန်အကြီးအကဲနှစ်ဦးမှ အသာစောင့်ကြည့်နေကြသည်။ သိုင်းဝိညာဉ်နိုးထခြင်း ပွဲအပြီး ချင်ချန်ခွန်တို့ကိစ္စနှင့် ပက်သက်၍ အနည်းငယ် စကားများစရာဖြစ်ခဲ့သည်။
  
     “ငါတို့ကို ဒီမှာလာတွေ့ခိုင်းရတဲ့ရည်ရွယ်ချက်က???"
ချင်ထျန်ပ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက်ရင်း မေးလိုက်သည်။ ထို‌အမေးနှင့် ပက်သက်ပြီး ပြန်ကြားရမည့် ချင်တျန်၏ စကားကို အခြားအကြီးအကဲနှစ်ဦးပင် စိတ်ဝင်စားလျက်ရှိနေသည်။
     
    “ကဲ... မင်းတို့က အမေးရှိလာပြီဆိုတော့ ငါလည်း ရှင်းရှင်းပဲ ပြောတော့မယ်"
ချင်တျန် တည်တည်ငြိမ်ငြိမ်ဖြင့်ပင်
     “ ငါ ချင်နန့်အတွက် ဆေးလုံးခွဲတမ်းကို အလုံးတစ်ထောင်ယူမယ်၊ ငါဒီကိုလာတာ ဒါပြောဖို့ပဲ"

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Donde viven las historias. Descúbrelo ahora