၂၆၁ - ၂၆၅

598 54 0
                                    


အပိုင်း (၂၆၁) ဆေဘာဓားမြှောက်၍ လူတိုင်းကို အံ့ဩတုန်လှုပ်စေခြင်း

     တပည့်အုပ်ကြီးသည် ချင်နန် သူ၏ လက်ချောင်းအား ဆန့်ထုတ်လိုက်သည်ကိုသာ မြင်လိုက်ရသည်။ သူ၏ လက်ချောင်းထိပ်မှ မမြင်ရသည့် စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး ပေနှစ်ဆယ်အတွင်းမှ ချီစွမ်းအင်များသည် လက်ချောင်းထိပ်၌ စုဝေးလာသည်။

    ဘန်း...

    ချင်နန်၏ လက်ချောင်းထိပ်တွင် လင်းလက်တောက်ပသော အဖြူရောင်အစက်လေးတစ်ခု ဖြစ်တည်လာပြီး သူ၏ ပေနှစ်ဆယ်ပတ်လည်တွင် ပေါက်ကွဲသံများ ဖြစ်ပေါ်သွားသည်။
    လင်းလက်တောက်ပသော အလင်းစက်လေးမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ စွမ်းအင်များသည် တပည့်များ၊ အကြီးအကဲများ၊ ခန်းမခေါင်းဆောင်များနှင့် ဂိုဏ်းချုပ်များအား ကြက်သေ သေသွားစေသည်။

    “ဒါက..."
    ချင်းလုံမြင့်မြတ်နေရာမှ သံတမန်နှင့် အိုးရန်ပါးတို့၏ မျက်နှာ အမူအရာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။ ဤကဲ့သို့ အလွန်အမင်း မျက်နှာပျက်သွားခြင်းသည် သူတို့၏ ပထမဆုံး အကြိမ်သာ ဖြစ်သည်။
   
    “ဒီလိုကြောက်မက်ဖွယ်ရာစွမ်းအား"

    “ဒါက ဘာလဲ"

    “ဘုရားရေ...ချင်နန်က ဘယ်လိုလျှို့ဝှက်ပညာရပ်မျိုးကို တတ်မြောက်ထားတာလဲ"

    “ဒါက ဒဏ္ဍာရီတျန်အဆင့် လျှို့ဝှက်ပညာရပ်လား"

    “........"

    အာဏာမြင့်အကြီးအကဲများနှင့် ခန်းမခေါင်းဆောင်များ ဆွံ့အနေကြသည်။

    တပည့်အုပ်ကြီးမှာလည်း သူတို့၏ ခန္ဓာကိုယ်များ တုန်ရီနေသည်ဟု ခံစားနေရသည်။ သိုင်းဧကရာဇ်အဆင့် အတွင်းစည်းတပည့်များပင် သူတို့၏ နှလုံးသားထဲ အေးစက်နေကြသည်။

    မင်းသမီးမြောင်မြောင်နှင့် လောင်ဂူးသိုင်းဘိုးအေသားရဲတို့သည်လည်း အံ့ဩမှင်တက်နေသည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာစွမ်းအားကို သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းသာ ဖြစ်သည်။

    အိုးရန်ကျင်း၏ မျက်နှာတောင့်တင်းသွားပြီး သူ၏ နှလုံးသားထဲမှ ပေါက်ဖွားလာသည့် အလွန်ကြောက်ရွံ့ခြင်းအား ခံစားလိုက်ရသည်။
     သူသည် ချင်နန်၏ တိုက်ကွက်ထံမှ သေခြင်းအငွေ့အသက်ကို ခံစားနေရသည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now