အပိုင်း (၃၂၁)ကိုယ်တွင်းအူတိုင်၏ နောက်ထပ်ထူးဆန်းသောဖြစ်ရပ်ထိုစဉ်အတောအတွင်း သွမ့်မုတောင်တွင်...
ဒိုဂျိုတစ်ခုလုံးအား ကြီးမားသော အကာအကွယ်ကြီးဖြင့် ဖုံးလွှမ်းထားပြီး အတွင်းထဲတွင် သိုင်းဘိုးအေများသည် စင်များပေါ်၌ တစ်ဦးနှင့် တစ်ဦးတိုက်ခိုက်နေကြသည်။
အကာအကွယ်၏ အပြင်ဘက်တွင် အစွမ်းထက်သော အော်ရာများနှင့် မြင့်မြတ်နေရာနှစ်ခုမှ သံတမန်များ ရပ်နေကြသည်။
တောင်ထိပ်တွင်မူ ထိပ်ပိုင်းခေါင်းဆောင်သွမ့်မုရှိနေသည်။ သူ၏ ဘေးဘက်တွင် ချင်းလုံမြင့်မြတ်နေရာမှ ထိပ်ပိုင်းခေါင်းဆောင်နှစ်ဦးနှင့် ဖေးရန်မြင့်မြတ်နေရာမှ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးရှိနေကြသည်။
သံတမန်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များသည် အကာအကွယ်အတွင်းထဲမှ ဖြစ်ပွားနေသည့် တိုက်ပွဲများကိုကြည့်ကာ ဆွေးနွေးနေကြသည်။“ဟမ်...ဒီကောင်က တော်တော်အထင်ကြီးဖို့ကောင်းတာပဲ...သူ့ရဲ့ ဓားကွက်တွေက အရမ်းပိရိသေသပ်တယ်"
“ဒီမိန်းကလေးက ဘာလဲဟ...ငါတောင် သူမရဲ့ ကျင့်ကြံမှုကို မမြင်နိုင်ဘူး"
“ငါလည်း စောနကတည်းက သူမကို စိတ်ဝင်စားနေတာကြာပြီ...သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ သွင်ပြင်ရယ် မြင့်မြတ်တဲ့ အော်ရာကြောင့် သူမမှာ သေချာပေါက် ကြောက်မက်ဖွယ်ရာ နောက်ခံရှိလိမ့်မယ်"
“........."
သံတမန်များ၏ အာရုံမှာ မင်းသမီးမြောင်မြောင်ပေါ်သို့ ရောက်ရှိနေပြီး သူတို့၏ မျက်နှာအမူအရာများ အေးဆေးတည်ငြိမ်စွာ ရှိနေကြသော်လည်း သူတို့၏ မျက်လုံးထဲတွင်မူ အံ့အားသင့်သည့် အရိပ်အယောင်တချို့ ဖြစ်ပေါ်နေသည်။
အကြောင်းမှာ မြင့်မြတ်နေရာနှစ်ခုမှ လူများအား တပည့်များ၊ စောင့်ရှောက်သူများ၊ သံတမန်များနှင့် ထိပ်ပိုင်းခေါင်းဆောင်များဟူ၍ ခွဲခြားထားသောကြောင့် ဖြစ်သည်။
မြင့်မြတ်နေရာနှစ်ခုတွင် မင်းသမီးမြောင်မြောင်ကဲ့သို့ သိုင်းဘိုးအေအဆင့်ကျွမ်းကျင်သူသည် စောင့်ရှောက်သူအဆင့်တွင် ရှိသည်။ ထို့ကြောင့် သံတမန်များထံတွင် မင်းသမီးမြောင်မြောင်အား ရွေးချယ်နိုင်သည့် အခွင့်အရေးမရှိပေ။ ထိပ်ပိုင်းခေါင်းဆောင်များတွင်သာ ထိုကဲ့သို့ အခွင့်အရေးရှိပေသည်။ သံတမန်များသည် ထိပ်ပိုင်းခေါင်းဆောင်များ မရွေးချယ်သည့်သူများကိုပင် ရွေးချယ်နိုင်သည်။
ESTÁS LEYENDO
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Aventuraလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...