အပိုင်း (၄၅၆) ဟိတ်ဟန်ကြီးမားစွာ ဝင်ရောက်လာခြင်း“ကျွန်တော်က ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံရဲ့ နဝမမင်းသားစုန့်ရွီပါ...ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုကို နှုတ်ခွန်းဆက်သပါတယ်"
စုန့်ရွီသည် ယဉ်ကျေးစွာဖြင့် လက်သီးစုကာ အရိုအသေပေးလိုက်သည်။လူအုပ်ကြီး အံ့အားသင့်သွားကြပြီး စုန့်ရွီကို လေးစားစွာဖြင့် ကြည့်လိုက်ကြသည်။
မြောင်ယွီရှင်းနှင့် လူကျန်တို့သည် ဝမ့်ရှန်နန်းဆောင်နှင့် ကုန်သွယ်ရေးမဟာမိတ်ကို ကိုယ်စားပြုသူများဖြစ်ကြသည်။ သို့သော်လည်း သူတို့သည် သူတို့ အဖွဲ့အစည်းများ၏ ဂျီးနီးယပ်များသာ ဖြစ်ကြသည်။ နှိုင်းယှဉ်ရမည်ဆိုပါက စုန့်ရွီ၏ အဆင့်အတန်းသည် သူတို့ထက် ပိုမိုမြင့်မားသာလွန်ပေသည်။
ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံသည် လူဦးရေအများဆုံးဖြစ်ပြီး အရှေ့ပိုင်းတိုက်ကြီးတွင် ကြီးမားသော မြေဧရိယာကို ယူထားသည်။ ဘုရင်အုပ်ချုပ်သော နိုင်ငံဖြစ်သကဲ့သို့ ဘုရင်သည် နိုင်ငံထဲတွင်အစွမ်းထက်ဆုံးဖြစ်ကာ ဂိုဏ်းခေါင်းဆောင်ဝမ်တာအိုနှင့် တစ်တန်းတည်းဖြစ်သည်။
“စုန့်ရွီ...မင်းပြန်တဲ့အခါကျရင် မင်းရဲ့ အဖေကို ငါနှုတ်ဆက်တယ်လို့ ပြောပေးပါဦး"
ဂိုဏ်းခေါင်းဆောင်ဝမ်တာအို ပြောလိုက်သည်။လူအုပ်ကြီး အံ့အားသင့်သွားသည်။
“ဟုတ်ကဲ့ပါ"
စုန့်ရွီ ခေါင်းညိတ်လိုက်သည်။ထို့နောက် သူသည် ရှောင်ကျုံးဟွှမ်ကို ကြည့်ကာ ရယ်မောလိုက်သည်။
“ညီငယ်ရှောင်...မင်းအထက်ပိုင်းခရိုင်ကို လာတဲ့အခါကျရင် ငါတို့မှာ မင်းကို ဖမ်းဖို့ အချိန်တွေ အများကြီးရှိတယ်...သေမင်းပင်လယ်က မကြာခင်မှာ ဖွင့်တော့မယ်..ငါအချိန်မဖြုန်းတော့ဘူး...ငါတို့ ကောင်းကင်လောင်ကျွမ်းခြင်းနိုင်ငံက သေမင်းဧကရာဇ်နန်းတော်က ရတနာတစ်ခုကို လိုချင်နေတယ်...မင်းသာ ဒီလိုလုပ်ပေးမယ်ဆိုရင် ငါတို့ မင်းကို ကြီးမားတဲ့ ဆုလာဘ်တွေပေးမယ်"
ထို့နောက် သူ၏ လက်ချောင်းကို ဝှေ့ယမ်းလိုက်ကာ သစ်သားထီးပုံသဏ္ဌာန်နှင့်တူညီသော ဆေးပင်တစ်ပင်၏ ခပ်ဝါးဝါးပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
YOU ARE READING
အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)
Adventureလန်းရှုးမြို့ရဲ့ ချင်ကလန်မှာ ချင်နန်က နံပါတ်တစ် ဂျီးနီးယပ်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သိုင်းဝိညာဉ်နိုးထခြင်းပွဲမှာ သူ့ရဲ့ မွေးရာပါ သိုင်းဝိညာဉ်က အနိမ့်ဆုံးဖြစ်နေခဲ့ပါတယ်။ အဆင့်နိမ့် သိုင်းဝိညာဉ်ကြောင့် နံပါတ်တစ်ဂျီးနီးယပ် တစ်ယောက်အဖြစ်ကနေ အသုံးမကျတ...