၆၃၆ - ၆၄၀

623 57 1
                                    


အပိုင်း (၆၃၆) ကျုပ်သူနဲ့ သောက်မယ်

    ကြယ်သုံးပွင့်၏ ခေါင်းဆောင်အနေဖြင့် တုဖင်း၏ ကျင့်ကြံမှုသည် သိုင်းအရှင်အဆင့်ရှစ်သို့ ရောက်ရှိနေပြီဖြစ်ကာ လျှို့ဝှက်နဂါးအဆင့်တွင်မူ နှစ်ဆယ့်ငါးဖြစ်သည်။
   မည်သို့ပင်ဖြစ်စေကာမူ သွမ့်ချင်းသည် သူ၏ သိုင်းအရှင်အဆင့်ငါးကျင့်ကြံမှုဖြင့် သူ့ကို ရင်ဆိုင်ရန် အခွင့်အရေးမရှိပေ။

    ထိုအချိန်၌ ချင်နန်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး သိုင်းအရှင်အဆင့်အင်အားများကို လျင်မြန်စွာ ထုတ်လွှတ်လိုက်သည်။ ထို့နောက် သူ၏ ဘယ်ဘက်မျက်လုံးအရောင်လက်သွားပြီး တိုက်ခိုက်မှုလမ်းကြောင်းကို ရှာဖွေလိုက်သည်။ သူ၏ ခန္ဓာကိုယ်ဘေးတိုက်လှည့်ထွက်သွားပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။

    စစ်နတ်ဘုရား၏ ဘယ်ဘက်မျက်လုံးသည် တိုက်ခိုက်မှုလမ်းကြောင်းကို ခန့်မှန်းနိုင်သော်လည်း ၎င်းသည် ရုတ်တရက်ဖြစ်သောကြောင့် ချင်နန်ပင် သူ၏ ဆံပင်များ ထောင်မတ်သွားသည်ဟု ခံစားလိုက်ရသည်။

   “ဟမ်"
   တုဖင်း၏ မျက်လုံးများ အံ့အားသင့်မှုဖြင့် အရောင်လက်သွားသည်။ ဤသွမ့်ချင်းသည် အလွန် ထူးခြားကာ သူ၏ တိုက်ခိုက်မှုသိုင်းအရှင်အဆင့်ငါးကျင့်ကြံမှုဖြင့် ရှောင်တိမ်းနိုင်ခဲ့သည်။

   လူအုပ်ကြီးမှာလည်း အံ့အားသင့်သွားသည်။ သူတို့သည် သွမ့်ချင်း၏ စွမ်းအားကို လျှော့တွက်ခဲ့ပုံရသည်။

    ချွင်...
  
     ထိုအချိန်၌ ချင်နန်သည် သူ၏ ဆေဘာဓားကိုထုတ်ဖော်၍ ရက်စက်စွာ ပိုင်းချလိုက်သည်။ ထိုပိုင်းချက်သည် အလွန်လျင်မြန်ရုံသာမက တုဖင်း၏ အားနည်းချက်ကိုလည်း ဦးတည်သောကြောင့် သူ့အတွက် အချိန်မီရှောင်တိမ်းရန် ခဲယဉ်းပေသည်။

    “သွမ့်ချင်း"
    ထိုအချိန်၌ တုရွမ်နှင့် တုဖန်းတို့ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ချင်နန်၏ နောက်မှ နှစ်ဖက်ညှပ်၍ ပြေး၀င်လာသည်။ သူတို့သည် အမျိုးမျိုးသော ရှေးဟောင်းပစ္စည်းများ ထုတ်ဖော်၍ ချင်နန်ကို တိုက်ခိုက်လိုက်သည်။

အဆန်းကြယ်ဆုံး သိုင်း၀ိဉာဥ် (ချင်နန်) အတွဲ ၁( ၁ -၁၀၀၀) အထိ(ခွင့်ပြုချက်ရပြီး)Where stories live. Discover now